ကမ္ဘာဦး 9:3Common Language Bibleသင်တို့သည်ထိုသတ္တဝါနှင့်အသီးအရွက်တို့ကိုစားသုံးနိုင်ကြ၏။ ထိုအရာအားလုံးကိုသင်တို့စားသုံးရန်ငါပေး၏။- အခန်းကိုကြည့်ပါ။ |
မည်သည့်အစားအစာကိုမဆိုစားတတ်သော သူသည် ထိုသို့မစားတတ်သူအားအထင်မသေး နှင့်။ ဟင်းသီးဟင်းရွက်သာစားတတ်သူကလည်း မည်သည့်အစားအစာကိုမဆိုစားတတ်သူ ကိုပြစ်တင်ဝေဖန်မှုမပြုနှင့်။ အဘယ်ကြောင့် ဆိုသော်မည်သည့်အစားအစာကိုမဆိုစား တတ်သူအား ဘုရားသခင်လက်ခံတော်မူ ပြီးဖြစ်သောကြောင့်တည်း။-
``သို့ရာတွင်သင်တို့နေထိုင်ရာ မြို့ရွာများ၌ တိရစ္ဆာန်များကိုသတ်စားနိုင်သည်။ ထာဝရ ဘုရားသည်သင်တို့အားကြွယ်ဝချမ်းသာ စေတော်မူသမျှအတိုင်းသတ်စားနိုင်သည်။ သင်တို့အပေါင်းသည်သမင်ဒရယ်သား ကိုစားသုံးခွင့်ရှိသကဲ့သို့ ဘာသာရေးထုံး တမ်းအရစင်ကြယ်သူဖြစ်စေ၊ မစင်ကြယ် သူဖြစ်စေထိုတိရစ္ဆာန်၏အသားကိုစား သုံးခွင့်ရှိသည်။-