Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 9:15

Common Language Bible

သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို​နောက်​တစ်​ဖန်​ရေ​လွှမ်း​မိုး​ခြင်း​ဘေး​ဒဏ်​ဖြင့် မ​သေ​ကြေ​မ​ပျက်​စီး​ရ​ဟု​သင်​တို့​နှင့်​တ​ကွ​တိ​ရစ္ဆာန်​အ​ပေါင်း​တို့​အား​ငါ​ထား​သော​ကတိ​ကို​သ​တိ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​မွှေး​ကြိုင်​သော​ရ​နံ့​ကို နှစ်​သက်​တော်​မူ​၍``လူ​တို့​၏​အ​ကျင့်​ကြောင့်​နောင် မည်​သည့်​အ​ခါ​၌​မျှ မြေ​ကြီး​ကို​ကျိန်​စာ​သင့် စေ​မည်​မ​ဟုတ်။ လူ​သည်​ငယ်​ရွယ်​စဉ်​မှ​စ​၍​စိတ် နှ​လုံး​အ​ကြံ​အ​စည်​ဆိုး​ယုတ်​ကြောင်း​ငါ​သိ​၏။ ငါ​သည်​သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို ယ​ခု အ​ကြိမ်​ကဲ့​သို့​နောက်​တစ်​ဖန်​သေ​ကြေ​ပျက်​စီး စေ​မည်​မ​ဟုတ်။-

သင်္ဘော​ထဲ​မှ​သင်​တို့​နှင့်​အ​တူ​ထွက်​လာ​သော​သက်​ရှိ​သတ္တ​ဝါ​ဖြစ်​သည့်​ငှက်​နှင့်​တိရစ္ဆာန်​အ​ပေါင်း​တို့​နှင့်​လည်း​ကောင်း​ငါ​သည်​ယ​ခု​ပ​ဋိ​ညာဉ်​ပြု၏။-

သင်​တို့​နှင့်​ငါ​ယ​ခု​ပြု​သော​ပ​ဋိ​ညာဉ်​စ​ကား​ဟူ​မူ​ကား`သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​နောင်​မည်​သည့်​အ​ခါ​၌​မျှ​ရေ​လွှမ်း​မိုး​၍​နောက်​တစ်​ဖန်​မ​ပျက်​စီး​စေ​ရ။-

ငါ​သည်​မိုး​ကောင်း​ကင်​သို့​တိမ်​များ​တက်​လာ​စေ​၍ တိမ်​ထဲ​တွင်​သက်​တံ့​ပေါ်​လာ​သည့်​အ​ခါ​တိုင်း၊-

``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ မိုး​ကောင်း​ကင်​၌​သော်​လည်း​ကောင်း၊ ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​သော်​လည်း​ကောင်း​ကိုယ်​တော် နှင့်​တူ​သော​ဘု​ရား​မ​ရှိ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး တော်​သည် ကိုယ်​တော့်​စ​ကား​တော်​ကို​စိတ်​နှ​လုံး အ​ကြွင်း​မဲ့​လိုက်​နာ​ကျင့်​သုံး​ကြ​သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​နှင့်​ထား​ရှိ​သည့်​ပ​ဋိ​ညာဉ် တော်​ကို​စောင့်​ထိန်း​တော်​မူ​လျက် သူ​တို့​အား မေတ္တာ​က​ရု​ဏာ​တော်​ကို​ပြ​တော်​မူ​ပါ​၏။-

``အို ဘု​ရား​သ​ခင်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​လွန်​စွာ​ကြီး​မြတ်​တော်​မူ​ပါ​၏။ အ​လွန်​ကြောက်​လန့်​တုန်​လှုပ်​ဖွယ်​ကောင်း​၍ တန်​ခိုး​ကြီး​မား​တော်​မူ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ကိုယ်​တော်​၏​ပ​ဋိ​ညာဉ်​တော် ဆိုင်​ရာ က​တိ​တော်​များ​ကို​သစ္စာ​ရှိ​စွာ စောင့်​ထိန်း​တော်​မူ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​အား​အာ​ရှု​ရိ​ဘု​ရင်​များ ညှဉ်း​ပန်း​နှိပ်​စက်​စဉ်​အ​ခါ​မှ​စ​၍ ယ​နေ့​တိုင်​အောင်​ပင်​အ​ဘယ်​မျှ​ဆင်း​ရဲ ဒုက္ခ​ရောက်​လျက်​နေ​ခဲ့​ရ​ကြ​ပါ​သ​နည်း။ ကျွန်ုပ်​တို့​၏​ဘု​ရင်​များ၊ ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ပ​ရော​ဖက်​များ၊ အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​များ​နှင့်​ပြည်​သူ အ​ပေါင်း​တို့​သည် ဆင်း​ရဲ​ဒုက္ခ​ရောက်​ခဲ့​ရ​ကြ​ပါ​၏။ အ​ကျွန်ုပ်​တို့​အ​ဘယ်​မျှ​ဆင်း​ရဲ​ဒုက္ခ​ရောက်​ခဲ့ ရ​ကြ​သည်​ကို​သ​တိ​ရ​တော်​မူ​ပါ။

ကိုယ်​တော်​သည်​သူ​တို့​၏​အ​ကျိုး​ကို​ထောက်​၍ ပ​ဋိ​ညာဉ်​တော်​ကို​သ​တိ​ရ​တော်​မူ​၏။ မေတ္တာ​တော်​သည်​ကြီး​မား​တော်​မူ​သည် ဖြစ်​၍ အ​မျက်​ပြေ​တော်​မူ​၏။

ဣသ​ရေလ​တစ်​ဆယ့်​နှစ်​မျိုး​တို့​ကို​သ​တိ​ရ စေ​ရန် ထို​ကျောက်​နှစ်​လုံး​ကို​သင်​တိုင်း​၏​ပ​ခုံး သိုင်း​ကြိုး​များ​ပေါ်​မှာ​တပ်​ဆင်​ရ​မည်။ ထို​နည်း အား​ဖြင့်​အာ​ရုန်​သည်​သူ​တို့​၏​နာ​မည်​များ ကို​ပ​ခုံး​ပေါ်​တွင်​ဆောင်​ထား​သ​ဖြင့် ငါ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​လူ​မျိုး​တော် ကို​အ​စဉ်​သ​တိ​ရ​တော်​မူ​လိမ့်​မည်။-

ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​ထောက်​၍ ကျွန်​တော်​မျိုး​တို့​အား​စက်​ဆုပ်​ရွံ​ရှာ​တော်​မ​မူ ပါ​နှင့်။ ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​သည့် ရာ​ဇ​ပလ္လင်​တည်း​ဟူ​သော​ယေ​ရု​ရှ​လင်​မြို့​ကို အ​သ​ရေ​ပျက်​စေ​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​တို့​နှင့်​ပြု​တော် မူ​သော ပ​ဋိ​ညာဉ်​ကို​ဖျက်​တော်​မ​မူ​ပါ​နှင့်။

သို့​ရာ​တွင်​သင်​ငယ်​စဉ်​အ​ခါ​က​ငါ​ပြု​ခဲ့​သည့် ပ​ဋိ​ညာဉ်​ကို​ပြန်​လည်​သ​တိ​ရ​၍ သင်​နှင့်​ထာ​ဝ စဉ်​တည်​မြဲ​သည့်​ပ​ဋိ​ညာဉ်​ကို​ငါ​ဖွဲ့​ဦး​မည်။-

ငါ​တို့​၏​ဘိုး​ဘေး​များ​အ​ပေါ်​ဝယ်​က​ရု​ဏာ ထား​တော်​မူ​မည်​ဖြစ်​ကြောင်း​နှင့်၊ ပ​ဋိ​ညာဉ်​တော်​ကို​သ​တိ​ရ​မည်​ဖြစ်​ကြောင်း မိန့်​တော်​မူ​ခဲ့​ပြီ။

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သာ လျှင် ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း၊ သစ္စာ​တော်​တည် မြဲ​ကြောင်း​သိ​မှတ်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကို​ချစ်​၍​ပ​ညတ်​တော်​များ​ကို​လိုက်​နာ သော​သူ​တို့​၏​အ​မျိုး​အ​စဉ်​အ​ဆက်​ထောင် သောင်း​အ​ထိ မိ​မိ​၏​ပ​ဋိ​ညာဉ်​ကို​တည်​စေ ၍​သူ​တို့​အား​မေတ္တာ​က​ရု​ဏာ​ကို​ပြ​တော် မူ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ