ကမ္ဘာဦး 9:11Common Language Bibleသင်တို့နှင့်ငါယခုပြုသောပဋိညာဉ်စကားဟူမူကား`သက်ရှိသတ္တဝါအပေါင်းတို့သည်နောင်မည်သည့်အခါ၌မျှရေလွှမ်းမိုး၍နောက်တစ်ဖန်မပျက်စီးစေရ။- အခန်းကိုကြည့်ပါ။ |
``ငါသည်ကမ္ဘာမြေကြီးကိုနောက်တစ်ဖန် ရေလွှမ်းမိုးစေလိမ့်မည်မဟုတ်ဟု နောဧ၏လက်ထက်၌ကတိပြုခဲ့၏။ သင်တို့အားနောက်တစ်ဖန် အမျက်ထွက်တော်မူလိမ့်မည်မဟုတ်ကြောင်း ယခုငါကတိပြုပါ၏။ ငါသည်သင်တို့အားပြစ်တင်ဆုံးမမှုနှင့် အပြစ်ဒဏ်ခတ်မှုကိုပြုလိမ့်မည်မဟုတ်ပါ။
ဤအရာအားလုံးတို့သည်ဤသို့ပျက်စီး သွားရမည်ဆိုပါမူ သင်တို့သည်အဘယ် သို့သောသူများဖြစ်သင့်ကြသနည်း။ သင် တို့သည်ဘုရားသခင်၏နေ့ရက်ကိုစောင့် မျှော်၍ ထိုနေ့ရက်အမြန်ကျရောက်လာ စေရန်ကြိုးစားအားထုတ်လျက်နေကြစဉ် မိမိတို့ကိုယ်ကိုဖြူစင်သန့်ရှင်းစေပြီး လျှင်ဘုရားသခင်အားဆက်ကပ်သင့်ကြ ၏။ ထိုနေ့ရက်၌မိုးကောင်းကင်သည်မီးသင့် လောင်ကျွမ်း၍ပျက်စီးလိမ့်မည်။ ကြယ်တာ ရာများသည်လည်းအပူကြောင့်အရည် ပျော်ကြလိမ့်မည်။-