ငှက်တစ်မျိုးလျှင်ခုနစ်စုံစီကိုလည်းခေါ်ဆောင် လော့။ တိရစ္ဆာန်နှင့်ငှက်များမြေကြီးပေါ်တွင် အသက်ရှင်၍မျိုးပွားနိုင်စေရန်ဤသို့ပြု လုပ်လော့။-
သင်နှင့်အတူသန့်စင်သောတိရစ္ဆာန်များမှတစ် မျိုးလျှင် ခုနစ်စုံစီကိုခေါ်ဆောင်လော့။ မသန့်စင် သောတိရစ္ဆာန်များမှ တစ်မျိုးလျှင်အထီးနှင့် အမတစ်စုံစီကိုသာခေါ်ဆောင်ရမည်။-
ခုနစ်ရက်ကြာလျှင်ဖန်ဆင်းခဲ့သမျှသော သတ္တဝါများကိုသေကြေပျက်စီးစေခြင်းငှာ ကမ္ဘာမြေကြီးပေါ်၌အရက်လေးဆယ်ကြာမျှ နေ့ညမပြတ်မိုးကိုငါရွာစေမည်'' ဟု မိန့်တော်မူ၏။-
ဘုရားသခင်မိန့်မှာသည့်အတိုင်းသန့်စင်သော တိရစ္ဆာန်နှင့်ငှက်၊ မသန့်စင်သောတိရစ္ဆာန်နှင့်ငှက်မှ တစ်မျိုးလျှင် အဖိုနှင့်အမအစုံတို့သည် နောဧနှင့်အတူသင်္ဘောထဲသို့ဝင်ကြ၏။-
နောဧသည်ထာဝရဘုရားအားပူဇော်ရန်ယဇ် ပလ္လင်ကိုတည်၍ သန့်စင်သောတိရစ္ဆာန်နှင့်ငှက်အမျိုး မျိုးထဲမှတစ်ကောင်ကျစီယူလျက် ပလ္လင်ထက်တွင် အကောင်လိုက်မီးရှို့ပူဇော်လေ၏။-
ထိုသတ္တဝါများကိုမသန့်ရှင်းဟုမှတ်ယူ ရမည်။ သင်တို့သည်ထိုသတ္တဝါများကို မစားရ၊ အသေကောင်များကိုပင်မထိ ရ။-