ကမ္ဘာဦး 7:23Common Language Bibleထာဝရဘုရားသည် လူ၊ တိရစ္ဆာန်၊ ငှက်စသော သက်ရှိသတ္တဝါအပေါင်းတို့ကိုသုတ်သင်ဖျက် ဆီးတော်မူ၏။ သင်္ဘောပေါ်၌နောဧနှင့်အတူ ရှိသမျှတို့သာလျှင်အသက်ချမ်းသာရာ ရကြ၏။- အခန်းကိုကြည့်ပါ။ |
ယုံကြည်ခြင်းကြောင့်နောင်ကာလ၌ဖြစ်လတ္တံ့ သောမမြင်နိုင်သည့်အမှုအရာများနှင့်ပတ် သက်၍ ဘုရားသခင်သတိပေးတော်မူခြင်း ကိုနောဧသည်ခံရလေသည်။ သူသည်ဘုရား သခင်၏စကားတော်ကိုနားထောင်ကာ မိမိ ၏အိမ်ထောင်စုကိုကယ်ဆယ်ခဲ့သောသင်္ဘော ကိုတည်ဆောက်၏။ ထို့ကြောင့်ကမ္ဘာသူကမ္ဘာ သားတို့သည် အပြစ်ဒဏ်စီရင်ခြင်းကိုခံရ လေသည်။ နောဧသည်ယုံကြည်ခြင်းအား ဖြင့်ဘုရားသခင်ထံမှဖြောင့်မတ်ခြင်းကို ရရှိသတည်း။
ထိုဝိညာဉ်တို့ကားသင်္ဘောကိုနောဧတည်ဆောက် လျက်နေစဉ်တွင် သည်းခံစောင့်ဆိုင်းလျက်နေတော် မူသောဘုရားသခင်၏စကားကိုနားမထောင် ခဲ့သူတို့၏ဝိညာဉ်များပင်ဖြစ်သတည်း။ သို့ ရာတွင်ရေအားဖြင့်ကယ်ဆယ်ခြင်းခံရသူ များမှာသင်္ဘောပေါ်တွင်အနည်းငယ်သာရှိ ၍အရေအတွက်အားဖြင့်ရှစ်ယောက်မျှသာ ဖြစ်၏။-
ကိုယ်တော်သည်ရှေးခေတ်ကမ္ဘာသူကမ္ဘာသား တို့ကိုလည်းချမ်းသာပေးတော်မမူခဲ့ပေ။ ထိုစဉ်အခါကကိုယ်တော်သည်ဘုရားမဲ့နေ သူတို့၏ကမ္ဘာမြေကြီးကိုရေလွှမ်းမိုးစေတော် မူ၏။ ဖြောင့်မတ်ခြင်းတရားကိုဟောပြောသူ နောဧကိုမူကားအခြားသူခုနစ်ယောက်နှင့် အတူကယ်တင်တော်မူ၏။-
သို့ဖြစ်၍ဘုရားကြည်ညိုသူတို့အားမိမိ တို့ခံရသောစုံစမ်းနှောင့်ယှက်ခြင်းများမှ ကယ်တင်တော်မူရန်လည်းကောင်း၊ သူယုတ်မာ များအထူးသဖြင့်မိမိတို့၏ကိလေသာ စိတ်ဆွဲဆောင်ရာသို့လိုက်၍ ဘုရားသခင် အာဏာတော်ကိုမထီမဲ့မြင်ပြုသူများ အားတရားစီရင်တော်မူရာနေ့တိုင်အောင် ပြစ်ဒဏ်ပေးထားရန်လည်းကောင်းထာဝရ ဘုရားပြုတော်မူတတ်၏။ ထိုမိစ္ဆာဆရာတို့သည်အတင့်ရဲ၍မာန ထောင်လွှားလျက် တန်ခိုးကြီးသောကောင်း ကင်သားတို့အားမရိုသေဘဲစော်ကား ပြောဆိုကြ၏။-