ကမ္ဘာဦး 6:17Common Language Bibleသက်ရှိသတ္တဝါရှိသမျှတို့ကိုသေကြေပျက် စီးစေရန် ကမ္ဘာမြေကြီးပေါ်မှာရေလွှမ်းမိုးစေ မည်။ ကမ္ဘာမြေကြီးပေါ်တွင်ရှိရှိသမျှတို့သေ ကြေပျက်စီးရမည်။- အခန်းကိုကြည့်ပါ။ |
``ငါသည်ကမ္ဘာမြေကြီးကိုနောက်တစ်ဖန် ရေလွှမ်းမိုးစေလိမ့်မည်မဟုတ်ဟု နောဧ၏လက်ထက်၌ကတိပြုခဲ့၏။ သင်တို့အားနောက်တစ်ဖန် အမျက်ထွက်တော်မူလိမ့်မည်မဟုတ်ကြောင်း ယခုငါကတိပြုပါ၏။ ငါသည်သင်တို့အားပြစ်တင်ဆုံးမမှုနှင့် အပြစ်ဒဏ်ခတ်မှုကိုပြုလိမ့်မည်မဟုတ်ပါ။
``သင်တို့အားငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား ကစဥ့်ကရဲဖြစ်ပြီးနောက် ပြန်လည်စုသိမ်းရရှိသည့်သိုးတို့ကိုသိုး ထိန်းသည်စောင့်ထိန်းကြည့်ရှုသကဲ့သို့ ငါ သည်မိမိ၏သိုးတို့ကိုလိုက်လံရှာဖွေကာ စောင့်ထိန်းကြည့်ရှုမည်။ မိုးအမှောင်ကျသည့် နေ့ရက်၌သူတို့ကစဥ့်ကရဲဖြစ်၍သွား ရာအရပ်ရပ်မှငါသည်သူတို့အားပြန် လည်ခေါ်ခဲ့မည်။-
ဣသရေလတောင်တို့အား အရှင်ထာဝရဘုရား ၏အမိန့်တော်ကိုနားထောင်ကြရန်ပြောကြား လော့။ တောင်ကြီးတောင်ငယ်များ၊ မြစ်များ၊ ချိုင့် ဝှမ်းများအားငါအရှင်ထာဝရဘုရား၏ အမိန့်တော်ကိုပြန်ကြားလော့။ ငါသည်လူ တို့ရုပ်တုများကိုးကွယ်ရာမြင့်သောအရပ် ဌာနများကိုဖျက်ဆီးရန်ဋ္ဌားကိုစေလွှတ် မည်။-
ယုံကြည်ခြင်းကြောင့်နောင်ကာလ၌ဖြစ်လတ္တံ့ သောမမြင်နိုင်သည့်အမှုအရာများနှင့်ပတ် သက်၍ ဘုရားသခင်သတိပေးတော်မူခြင်း ကိုနောဧသည်ခံရလေသည်။ သူသည်ဘုရား သခင်၏စကားတော်ကိုနားထောင်ကာ မိမိ ၏အိမ်ထောင်စုကိုကယ်ဆယ်ခဲ့သောသင်္ဘော ကိုတည်ဆောက်၏။ ထို့ကြောင့်ကမ္ဘာသူကမ္ဘာ သားတို့သည် အပြစ်ဒဏ်စီရင်ခြင်းကိုခံရ လေသည်။ နောဧသည်ယုံကြည်ခြင်းအား ဖြင့်ဘုရားသခင်ထံမှဖြောင့်မတ်ခြင်းကို ရရှိသတည်း။
ထိုဝိညာဉ်တို့ကားသင်္ဘောကိုနောဧတည်ဆောက် လျက်နေစဉ်တွင် သည်းခံစောင့်ဆိုင်းလျက်နေတော် မူသောဘုရားသခင်၏စကားကိုနားမထောင် ခဲ့သူတို့၏ဝိညာဉ်များပင်ဖြစ်သတည်း။ သို့ ရာတွင်ရေအားဖြင့်ကယ်ဆယ်ခြင်းခံရသူ များမှာသင်္ဘောပေါ်တွင်အနည်းငယ်သာရှိ ၍အရေအတွက်အားဖြင့်ရှစ်ယောက်မျှသာ ဖြစ်၏။-
ကိုယ်တော်သည်ရှေးခေတ်ကမ္ဘာသူကမ္ဘာသား တို့ကိုလည်းချမ်းသာပေးတော်မမူခဲ့ပေ။ ထိုစဉ်အခါကကိုယ်တော်သည်ဘုရားမဲ့နေ သူတို့၏ကမ္ဘာမြေကြီးကိုရေလွှမ်းမိုးစေတော် မူ၏။ ဖြောင့်မတ်ခြင်းတရားကိုဟောပြောသူ နောဧကိုမူကားအခြားသူခုနစ်ယောက်နှင့် အတူကယ်တင်တော်မူ၏။-