Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 50:21

Common Language Bible

မ​စိုး​ရိမ်​ကြ​ပါ​နှင့်။ ကျွန်ုပ်​သည်​သင်​တို့​နှင့် သင်​တို့​၏​သား​သ​မီး​များ​အား​ကြည့်​ရှု​စောင့် ရှောက်​ထား​ပါ​မည်'' ဟု​ဆို​လေ​၏။ ဤ​နည်း​အား ဖြင့်​ယော​သပ်​သည်​ညီ​အစ်​ကို​တို့​အား​နှစ်​သိမ့် စကား​ပြော​၍​စိတ်​ချမ်း​သာ​ရာ​ရ​စေ​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​သူ​သည်​ဒိ​န​၏​ရုပ်​ရည်​ကို​စွဲ​မက် သ​ဖြင့် မေတ္တာ​သက်​ဝင်​လာ​သော​ကြောင့်​သူ့​အား မေတ္တာ​တုံ့​ပြန်​ရန်​ဖျောင်း​ဖျ​လေ​သည်။-

သင်​တို့​သည်​ကျွန်ုပ်​အား​ဤ​အ​ရပ်​သို့​ရောင်း​ချ မိ​သော​ကြောင့်​စိတ်​မ​ညှိုး​ငယ်​ကြ​ပါ​နှင့်။ မိ​မိ တို့​ကိုယ်​ကို​လည်း​အ​ပြစ်​မ​တင်​ကြ​ပါ​နှင့်။ ဘု​ရား​သ​ခင်​သည်​လူ​အ​ပေါင်း​တို့​၏​အ​သက် ကို​ကယ်​ဆယ်​ခြင်း​ငှာ သင်​တို့​အ​လျင်​ကျွန်ုပ် အား​စေ​လွှတ်​တော်​မူ​ခဲ့​ခြင်း​ဖြစ်​သည်။-

ယော​သပ်​သည်​အ​ဖ​နှင့်​အစ်​ကို​များ​အ​ပါ အ​ဝင် ယာ​ကုပ်​၏​မိ​သား​စု​အား​လုံး​တို့ အား​စား​နပ်​ရိက္ခာ​ထောက်​ပံ့​လေ​၏။

အီ​ဂျစ်​ပြည်​တွင်​ယော​သပ်​သည်​သူ​၏​သား ချင်း​များ​နှင့်​အ​တူ​နေ​ထိုင်​၍ အ​သက်​တစ် ရာ့​တစ်​ဆယ်​ရှိ​သော်​ကွယ်​လွန်​လေ​သည်။-

ထာ​ဝရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို ကျွမ်း​ကျင်​စွာ​စီ​စဉ်​ဆောင်​ရွက်​ပေး​သည့် အ​တွက် ဟေ​ဇ​ကိ​မင်း​သည်​လေဝိ​အ​နွယ် ဝင်​တို့​ကို​ချီး​ကူး​တော်​မူ​၏။ သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား ထော​မ​နာ​ပြု​၍ ခု​နစ်​ရက်​တိုင်​တိုင်​ယဇ်​ပူ​ဇော်​ကြ​ပြီး​သော အ​ခါ၊-

ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​ကို အား​ပေး​ကြ​လော့။ သူ​တို့​သည်​ကြာ​မြင့်​စွာ​ဆင်း​ရဲ​ဒုက္ခ ရောက်​ခဲ့​ကြ​သ​ဖြင့်၊ သူ​တို့​၏​အ​ပြစ်​များ​ကို​ယ​ခု ငါ​ဖြေ​လွှတ်​တော်​မူ​ပြီ​ဖြစ်​ကြောင်း၊ သူ​တို့​အား​ကြား​ပြော​ကြ​လော့။ ငါ​သည်​သူ​တို့​အား​မိ​မိ​တို့​အ​ပြစ်​များ အ​တွက် အ​ပြစ်​ဒဏ်​အ​ပြည့်​အ​ဝ​ခတ်​ခဲ့​လေ​ပြီ'' ဟု မိန့်​တော်​မူ​၏။

သို့​ရာ​တွင်​ရန်​သူ​ကို​ချစ်​ကြ​လော့​ဟု​သင်​တို့ အား​ငါ​ဆို​၏။ သင်​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သူ တို့​အ​တွက်​မေတ္တာ​ပို့​ကြ​လော့။-

``သင်​တို့​သည်​သူ​တစ်​ပါး​တို့​ပြစ်​မှား​သည့်​အ​ပြစ် များ​ကို​ဖြေ​လွှတ်​ပါ​လျှင် ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့ ၏​အ​ဖ​သည်​လည်း​သင်​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်။-

အ​ဘယ်​သူ​မျှ​ရန်​တုံ့​မ​မူ​စေ​နှင့်။ အ​ချင်း​ချင်း တို့​၏​ကောင်း​ကျိုး​နှင့်​လူ​ခပ်​သိမ်း​တို့​၏​ကောင်း ကျိုး​ကို အ​စဉ်​အ​မြဲ​ရှာ​ရန်​ကြိုး​စား​အား ထုတ်​လော့။

အ​ဆိုး​ကို​အ​ဆိုး​အား​ဖြင့်​လည်း​ကောင်း၊ ကျိန် ဆဲ​ခြင်း​ကို​ကျိန်​ဆဲ​ခြင်း​အား​ဖြင့်​လည်း​ကောင်း တုံ့​ပြန်​ခြင်း​မ​ပြု​ကြ​နှင့်။ ယင်း​သို့​ပြု​မည့် အ​စား​ကောင်း​ချီး​ပေး​ကြ​လော့။ အ​ဘယ်​ကြောင့် ဆို​သော် ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သည့် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​စေ​ရန် သင်​တို့ အား​ကိုယ်​တော်​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​ခဲ့ သော​ကြောင့်​တည်း။-

ထို​အ​ခါ​လင်​ဖြစ်​သူ​သည်​သူ့​အား​ချော့​မော့​၍ မိ​မိ​ထံ​ပြန်​လာ​ရန်​ကြိုး​စား​မည်​ဟု​ဆုံး​ဖြတ် ကာ မိ​မိ​နှင့်​အ​တူ​မြည်း​နှစ်​ကောင်​နှင့်​အ​စေ​ခံ ကို​ပါ​ခေါ်​၍​သွား​၏။ သူ​ငယ်​မ​သည်​လေဝိ အ​မျိုး​သား​အား​အိမ်​ထဲ​သို့​ဝင်​ရန်​ဖိတ်​ခေါ် လိုက်​ရာ​ဖ​ခင်​ဖြစ်​သူ​သည် သူ့​ကို​မြင်​လျှင် ဝမ်း​မြောက်​စွာ​ကြို​ဆို​လက်​ခံ​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ