Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 50:18

Common Language Bible

ထို​နောက်​ယော​သပ်​၏​ညီ​အစ်​ကို​တို့​သည်​သူ့ ထံ​သို့​ဝင်​ရောက်​၍​ရှေ့​တွင်​ပျပ်​ဝပ်​လျက်``ကိုယ် တော်​၏​ကျွန်​များ​ရှေ့​တော်​သို့​ရောက်​ရှိ​နေ ကြ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

တိုင်း​နိုင်​ငံ​တို့​သည်​သင်​၏​အ​စေ​ကို​ခံ​ရ​ကြ စေ​သ​တည်း။ လူ​မျိုး​အ​ပေါင်း​တို့​သည်​သင့်​အား ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင်​သည်​ဆွေ​မျိုး သား​ချင်း​တို့​ကို​ကြီး​စိုး​ရ​စေ​သ​တည်း။ သင်​၏ အ​မိ​အ​ဆက်​အ​နွယ်​တို့​သည်​သင့်​အား​ဦး​ညွှတ် ရ​ကြ​စေ​သ​တည်း။ သင့်​အား​ကျိန်​စာ​သင့်​သော သူ​တို့​ကို​ကျိန်​စာ​သင့်​စေ​သ​တည်း။ သင့်​အား ကောင်း​ချီး​ပေး​သူ​တို့​သည်​ကောင်း​ချီး​ခံ​စား ရ​ကြ​စေ​သ​တည်း'' ဟု​ကောင်း​ချီး​ပေး​လေ ၏။

ထို့​နောက်​ဒု​တိ​ယ​ရ​ထား​တော်​ကို​ယော​သပ်​စီး ၍ သူ​၏​ကိုယ်​ရံ​တော်​တို့​က​ရ​ထား​ရှေ့​က​သွား လျက်``လမ်း​ဖယ်​ကြ၊ လမ်း​ဖယ်​ကြ'' ဟု​အော်​ဟစ် ကြ​၏။ ထို​သို့​ဖြင့်​ယော​သပ်​သည်​အီ​ဂျစ်​တစ် ပြည်​လုံး​ကို​အုပ်​ချုပ်​ရ​သော​ဘု​ရင်​ခံ​အ​ဖြစ် ခန့်​အပ်​ခြင်း​ကို​ခံ​ရ​လေ​သည်။-

အီ​ဂျစ်​ပြည်​ဘု​ရင်​ခံ​ဖြစ်​သူ​ယော​သပ်​သည် အ​ပြည် ပြည်​မှ​စ​ပါး​ဝယ်​လာ​သော​သူ​တို့​အား​စပါး​ရောင်း ချ​လျက်​ရှိ​၏။ ယော​သပ်​၏​အစ်​ကို​တို့​သည်​လည်း ရောက်​ရှိ​လာ​ကြ​၍​ယော​သပ်​၏​ရှေ့​မှောက်​တွင် ပျပ်​ဝပ်​ကြ​လေ​၏။-

ယု​ဒ​နှင့်​ညီ​များ​တို့​သည် ယော​သပ်​၏​အိမ်​သို့ ရောက်​ရှိ​ကြ​သော​အ​ခါ ယော​သပ်​သည်​အိမ်​၌ ရှိ​နေ​သေး​၏။ သူ​တို့​သည်​ယော​သပ်​၏​ရှေ့​တွင် ပျပ်​ဝပ်​ကြ​၏။-

ယော​သပ်​က​သူ​၏​ညီ​အစ်​ကို​တို့​အား``ကျွန်ုပ် သည်​ယော​သပ်​ဖြစ်​ပါ​သည်။ ကျွန်ုပ်​၏​အ​ဖ အ​သက်​ရှင်​လျက်​ရှိ​သေး​သ​လော'' ဟု​မေး လေ​၏။ သို့​ရာ​တွင်​သူ​၏​ညီ​အစ်​ကို​တို့​သည် စိုး​ရိမ်​ကြောက်​လန့်​ကြ​သ​ဖြင့်​ပြန်​၍​ပင် မ​ဖြေ​နိုင်​ကြ​ချေ။-

ထို​အ​ခါ​ယော​သပ်​က​ညီ​အစ်​ကို​တို့​အား``အစ် ကို​တို့​မ​စိုး​ရိမ်​ကြ​ပါ​နှင့်။ ဘု​ရား​သ​ခင်​က သာ​လျှင်​တ​ရား​စီ​ရင်​၍​ဒဏ်​ပေး​ပိုင်​တော်​မူ​၏။ ကျွန်ုပ်​မူ​ကား​ထို​သို့​မ​ပြု​နိုင်​ပါ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ