ကမ္ဘာဦး 50:15Common Language Bibleယာကုပ်အနိစ္စရောက်ပြီးနောက်ညီအစ်ကိုတို့ က``ငါတို့သည်ယောသပ်အားဒုက္ခရောက်စေခဲ့ သည့်အတွက် သူကအငြိုးထား၍လက်စားချေ မည်ကိုစိုးရိမ်ရသည်'' ဟုအချင်းချင်းပြော ဆိုကြ၏။- အခန်းကိုကြည့်ပါ။ |
ထို့ကြောင့်သူတို့သည်ယောသပ်ထံသို့တမန် ကိုစေလွှတ်၍``ကျွန်ုပ်တို့သည်ကိုယ်တော်အား ပြစ်မှားမိခဲ့သည့်အတွက်အပြစ်ကိုလွှတ် တော်မူပါ'' ဟုကိုယ်တော်အားတောင်းပန်ရန် အဖအနိစ္စမရောက်မီကမှာကြားခဲ့ပါ သည်။ ထို့ကြောင့်အဖကိုးကွယ်သည့်ဘုရားသခင်၏ကျွန်များဖြစ်ကြသောကျွန်ုပ်တို့ အားအပြစ်လွှတ်တော်မူပါ'' ဟူ၍လျှောက် စေ၏။ ယောသပ်သည်ထိုလျှောက်ထားချက် ကိုကြားရသောအခါငိုကြွေးလေ၏။
သို့ရာတွင်ဘုရားသခင်သည်ကိုယ်တော့် လူစုတော်၏ ရန်သူများ၏အရိုးများကို ဖရိုဖရဲကွဲလွင့်စေတော်မူမည်ဖြစ်၍သူတို့သည် တစ်ခါမျှမခံစားခဲ့ဘူးသည့်ကြောက်ခြင်းမျိုး ဖြင့် အလွန်ကြောက်လန့်ကြလိမ့်မည်။ ဘုရားသခင်သည်သူတို့ကိုပစ်ပယ်တော်မူ ပြီဖြစ်၍ ဣသရေလအမျိုးသားတို့သည်လုံးဝအနိုင် ရကြလိမ့်မည်။
ပညတ်တရား၏ပြဋ္ဌာန်းချက်များသည်ထို သူတို့၏နှလုံးသားတွင်ရေးသားထားလျက် ရှိကြောင်း သူတို့၏အပြုအမူများကထောက် ခံ၏။ သူတို့၏သြတ္တပ္ပစိတ်ကလည်းထောက်ခံ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏စိတ်နှလုံး သည် တစ်ခါတစ်ရံသူတို့ကိုပြစ်တင်၍ တစ်ခါ တစ်ရံလည်းသူတို့ကိုထောက်ခံသောကြောင့် ဖြစ်၏။-