နဿလိသည်လွတ်လပ်စွာခုန်ပေါက် ပြေးလွှားသောသမင်ဖြစ်၍ ချစ်ဖွယ်ကောင်းသောသမင်သားငယ်များ ကိုမွေးဖွား၏။
ထိုအခါရာခေလက``ငါသည်ငါ၏အစ်မ နှင့်အပြင်းအထန်ဆိုင်ပြိုင်ခဲ့ရာအနိုင်ရလေ ပြီ'' ဟုဆိုလျက်ထိုသားကိုနဿလိဟူ၍ နာမည်မှည့်လေ၏။
နဿလိနှင့်သူ၏သားများဖြစ်ကြသော ယာဇေလ၊ ဂုနိ၊ ယေဇာ၊ ရှိလင်။-
အမတ်တို့က``အကယ်၍အရှင်သည်သူတို့ အားကရုဏာပြလျက်နှစ်သက်စေသော စကားဖြင့်ဖြေကြားပါလျှင်သူတို့သည် အရှင်၏အမှုတော်ကိုအစဉ်အမြဲသစ္စာ ရှိစွာထမ်းဆောင်ကြပါလိမ့်မည်'' ဟု လျှောက်ထားကြ၏။
သူသည်စုံမက်တတ်သော သမင်မ၊ နှစ်လိုဘွယ် သော ဒရယ်မကဲ့သို့ဖြစ်၍၊ သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ၍၊ သူ့ကိုချစ်သော စိတ်နှင့် အစဉ်ယစ်မူးလျက်နေလော့။
ငါချစ်ရာသခင်၏စကားသံပေ။ ကြည့်ပါ။ တောင်ကြီးတောင်ငယ်တို့ကို ခုန်ကျော်လျက်ကြွလာ၏။
ကွင်းပြင်တွင်မြက်မရှိတော့သဖြင့်သမင်မသည် မွေးခါစသားငယ်ကိုစွန့်ပစ်၍ထားရ၏။
နဿလိအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ ဆိုလေသည်။ ``နဿလိအနွယ်သည်ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့်ကောင်းချီးမင်္ဂလာ ကြွယ်ဝစွာ ခံစားရ၏။ သူတို့၏နယ်မြေသည်ဂါလိလဲအိုင်မှ တောင်ဘက်အထိကျယ်ဝန်း၏။''
ဗာရက်သည်နဿလိအနွယ်ဝင်နှင့်ဇာဗုလုန် အနွယ်ဝင်တို့ကို ကေဒေရှမြို့သို့ခေါ်ယူရာ သူ၏နောက်သို့လူပေါင်းတစ်သောင်းလိုက်ကြ ၏။ ဒေဗောရသည်လည်းသူနှင့်အတူလိုက် လေသည်။
တစ်နေ့သ၌သူသည်နဿလိနယ်မြေ၊ ကေ ဒေရှမြို့မှအဘိနောင်၏သားဗာရက်ကို ခေါ်ပြီးလျှင်``ဣသရေလအမျိုးသားတို့ဘုရားသခင်ထာဝရဘုရားက`သင်သည်နဿလိ အနွယ်နှင့် ဇာဗုလုန်အနွယ်မှလူပေါင်းတစ် သောင်းကိုခေါ်ယူကာတာဗော်တောင်သို့ သွားရမည်။-
သို့ရာတွင်ဇာဗုလုန်နယ်နှင့်နဿလိနယ်မှ လူတို့သည်ကားစစ်မြေပြင်တွင်၊ မိမိတို့၏အသက်ကိုပမာဏမပြုဘဲ စွန့်စားကြသတည်း။