Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 48:10

Common Language Bible

ယာ​ကုပ်​သည်​အ​သက်​အ​ရွယ်​အို​မင်း​ပြီ ဖြစ်​သော​ကြောင့် မျက်​စိ​မှုန်​၍​ကောင်း​စွာ​မ မြင်​နိုင်။ ယော​သပ်​သည်​သူ​၏​သား​များ​ကို ယာ​ကုပ်​အ​နီး​သို့​ခေါ်​ခဲ့​ရာ သူ​သည်​သူ​ငယ် များ​ကို​ဖက်​၍​နမ်း​ရှုပ်​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဣ​ဇာက်​သည်​အို​မင်း​လာ​၍​မျက်​စိ​မ​မြင်​တော့ ချေ။ သူ​သည်​သား​အ​ကြီး​ဧ​သော​ကို``သား'' ဟု​ခေါ်​လျှင်​ဧ​သော​က၊ ``ရှိ​ပါ​သည်​အ​ဖ'' ဟု​ပြန်​ဖြေ​၏။

ယာ​ကုပ်​သည်​ဖ​ခင်​ထံ​ချဉ်း​ကပ်​၍​နမ်း​လိုက် သော​အ​ခါ ဣ​ဇာက်​သည်​သူ​၏​အ​ဝတ်​များ​ကို အ​နံ့​ခံ​လျက်``ငါ့​သား​၏​အ​နံ့​သည်​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​သော​လယ်​၏​ရ​နံ့​ကဲ့ သို့​သင်း​ကြိုင်​ပါ​၏။-

နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​လာ​ဗန်​သည် သူ​၏​မြေး​များ​နှင့်​သမီး​တို့​ကို​နမ်း​ရှုပ်​နှုတ် ဆက်​၍ ကောင်း​ချီး​ပေး​ပြီး​လျှင်​မိ​မိ​နေ​ရပ် သို့​ပြန်​လေ​၏။

ထို​နောက်​အစ်​ကို​တစ်​ယောက်​စီ​ကို​လည်း​ဖက်​နမ်း​၍ ငို​လေ​သည်။ ထို​နောက်​ညီ​အစ်​ကို​တို့​သည်​ယော​သပ် နှင့်​ရင်း​နှီး​စွာ​စကား​ပြော​ဆို​ကြ​၏။

ယာ​ကုပ်​က​ယော​သပ်​အား``ငါ​သည်​သင့်​ကို နောက်​တစ်​ဖန်​မြင်​ရ​ဦး​မည်​ဟု​မ​မျှော်​လင့် ခဲ့။ ဘု​ရား​သ​ခင်​သည်​ယ​ခု​ငါ့​အား​သင်​၏ သား​တို့​ကို​ပင်​မြင်​ခွင့်​ပေး​တော်​မူ​ပြီ'' ဟု ဆို​လေ​၏။-

ယာ​ကုပ်​သည်​ယော​သပ်​၏​သား​နှစ်​ယောက် ကို​မြင်​လျှင်``ဤ​သူ​ငယ်​တို့​သည်​မည်​သူ​နည်း'' ဟု​မေး​၏။

ထို​အ​ခါ​ဧ​လိ​ရှဲ​သည်​မိ​မိ​၏​နွား​များ​ကို ထား​ခဲ့​၍ ဧ​လိ​ယ​၏​နောက်​သို့​လိုက်​ပြီး လျှင်``အ​ကျွန်ုပ်​၏​မိ​ဘ​ထံ​သို့​သွား​၍​နှုတ် ဆက်​ခွင့်​ပြု​ပါ။ ထို့​နောက်​အ​ရှင်​နှင့်​အ​တူ လိုက်​ပါ​မည်'' ဟု​ပြော​၏။ ဧ​လိ​ယ​က``ကောင်း​ပြီ၊ သွား​လော့။ သင့်​အား ငါ​မ​ဆီး​တား​ပါ'' ဟု​ဆို​၏။

ထိုကာလ၌ အိမ်စောင့်တို့သည် တုန်လှုပ်၍၊ ခိုင်ခံ့သော သူတို့သည် အားလျော့ကြလိမ့်မည်။ ဆန် ကြိတ်သောသူတို့သည် နည်းသောကြောင့် ရပ်ကြလိမ့် မည်။ ပြတင်းပေါက်ဖြင့် ကြည့်သော သူတို့သည် အလင်း ကွယ်ကြလိမ့်မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​မ​ကယ်​နိုင် လောက်​အောင်​အား​အင်​ချည့်​နဲ့​တော်​မူ​သည် မ​ဟုတ်။ ကူ​မ​တော်​မူ​ပါ​ဟု​သင်​တို့​ဟစ်​အော် တောင်း​လျှောက်​သံ​ကို​မ​ကြား​နိုင်​လောက်​အောင် နား​မ​လေး။-

ထို​နောက်​ကိုယ်​တော်​က``ဤ​လူ​စု​၏​စိတ်​နှ​လုံး​သည်​ထိုင်း​မှိုင်း​လျက်၊ သူ​တို့​၏​နား​များ​သည်​လေး​လျက်၊ မျက်​စိ​များ​သည်​လည်း​ပိတ်​လျက်​နေ​အောင်​ပြု​လော့။ သို့​မှ​သာ​လျှင်​သူ​တို့​သည်​မ​မြင်​နိုင်၊ မ​ကြား​နိုင်၊ နား​မ​လည်​နိုင်​ဘဲ​နေ​ကြ​လိမ့်​မည်။ အ​ကယ်​၍​သူ​တို့​သည်​မြင်​နိုင်​ကြား​နိုင်​နား​လည်​နိုင်​ကြ​မည်​ဆို​ပါ​မူ မိ​မိ​တို့​၏​ဝိ​ညာဉ်​ဆိုင်​ရာ​ရော​ဂါ​များ​ပျောက်​ကင်း​စေ​ရ​အောင်​စိတ်​နှ​လုံး​ပြောင်း​လဲ​ကြ​လိမ့်​မည်'' ဟု​ငါ့​အား​မိန့်​တော်​မူ​၏။

မော​ရှေ​သည်​အ​သက်​တစ်​ရာ့​နှစ်​ဆယ်​တွင် အ​နိစ္စ​ရောက်​၏။ မော​ရှေ​အ​နိစ္စ​ရောက်​ချိန် တွင်​မျက်​စိ​မ​မှုန်​သေး။ အင်​အား​လည်း မ​လျော့​သေး။-

တစ်​ည​သ​၌​မျက်​စိ​အ​လင်း​ကွယ်​လု​နီး​ပါး ရှိ​သော​ဧ​လိ​သည် မိ​မိ​၏​အ​ခန်း​တွင်​အိပ်​စက် လျက်​နေ​၏။-

(ဧ​လိ​ကား​ယ​ခု​အ​ခါ​အ​သက်​ကိုး​ဆယ် ရှစ်​နှစ်​ရှိ​၍ မျက်​စိ​ကွယ်​ခါ​နီး​ပြီ။-)




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ