ကမ္ဘာဦး 47:30Common Language Bibleအဖကိုအီဂျစ်ပြည်မှထုတ်ဆောင်၍အဖ၏ ဘိုးဘေးတို့သင်္ဂြိုဟ်ရာသင်္ချိုင်း၌သင်္ဂြိုဟ်ပါ လော့'' ဟုဆို၏။ ယောသပ်က``အဖဆန္ဒအတိုင်းကျွန်တော်ဆောင် ရွက်ပေးပါမည်'' ဟုဝန်ခံလေ၏။ အခန်းကိုကြည့်ပါ။ |
``အရှင်မင်းကြီးသည်ထာဝစဉ်သက် တော်ရှည်ပါစေသော။ ကျွန်တော်မျိုး၏ ဘိုးဘေးများအားသင်္ဂြိုဟ်ရာမြို့သည် ပျက်စီးယိုယွင်းလျက်မြို့တံခါးများ သည်လည်းမီးလောင်ကျွမ်းကုန်ပြီဖြစ် သဖြင့် ကျွန်တော်မျိုးသည်အဘယ်သို့ လျှင်မျက်နှာမညှိုးငယ်ဘဲနေနိုင်ပါ မည်နည်း'' ဟုပြန်လည်လျှောက်ထား၏။
မင်းကြီးအား``အရှင်မင်းကြီး၊ အရှင်သည် ကျွန်တော်မျိုးအားစိတ်တော်နှင့်တွေ့တော်မူ ၍ ကျွန်တော်မျိုး၏ပန်ကြားချက်ကိုခွင့်ပြု ရန်အလိုရှိတော်မူပါလျှင်ကျွန်တော်မျိုး အားယုဒပြည်သို့သွားခွင့်ပြုတော်မူပါ။ ကျွန်တော်မျိုး၏ဘိုးဘေးများအားသင်္ဂြိုဟ် ရာမြို့ကိုပြန်လည်တည်ဆောက်ခွင့်ပြု တော်မူပါ'' ဟုလျှောက်၏။
ထာဝရဘုရားသည်မိုးတိမ်တိုင်ထဲက မောရှေအား``သင်သည်မကြာမီစုတေရမည်။ သင်အနိစ္စရောက်ပြီးနောက်ဣသရေလအမျိုး သားတို့သည် သစ္စာဖောက်၍သူတို့နှင့်ငါပြု ထားသောပဋိညာဉ်ကိုချိုးဖောက်ကြလိမ့်မည်။ သူတို့သည်ငါ့ကိုစွန့်ပယ်၍ သူတို့ဝင်ရောက် မည့်ပြည်ရှိအခြားသောဘုရားများကို ကိုးကွယ်ကြလိမ့်မည်။-