Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 46:6

Common Language Bible

သူ​တို့​သည်​ခါ​နာန်​ပြည်​တွင်​စု​ဆောင်း​ရ​ရှိ​ခဲ့ သော​ပစ္စည်း​များ​နှင့် သိုး​ဆိတ်​စ​သော​တိ​ရစ္ဆာန် များ​ကို​ယူ​ဆောင်​လျက်​အီ​ဂျစ်​ပြည်​သို့​လာ ခဲ့​ကြ​၏။ ယာ​ကုပ်​သည်​သား​သ​မီး၊ မြေး၊ မြစ် များ​မှ​စ​သော​သူ​၏​မိ​သား​စု​အား​လုံး​တို့ ကို​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင်​ခဲ့​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား ``သင်​၏​အ​မျိုး အ​နွယ်​တို့​သည် သူ​တစ်​ပါး​၏​နိုင်​ငံ​၌​သူ​စိမ်း တစ်​ရံ​ဆံ​အ​ဖြစ်​နေ​ထိုင်​ရ​ကြ​မည်။ ထို​အ​ရပ် တွင်​သူ​တို့​သည်​နှစ်​ပေါင်း​လေး​ရာ​ကျွန်​အ​ဖြစ် ဖြင့်​နှိပ်​စက်​ညှင်း​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​မည်။-

ထို​အ​ခါ​ယာ​ကုပ်​သည်​အီ​ဂျစ်​ပြည်​သို့​ရောက် ရှိ​လာ​၍ ထို​ပြည်​၌​အ​ခြေ​စိုက်​နေ​ထိုင်​လေ​၏။

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က အ​ခါ​တစ်​ပါး က​သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင် လူ​မျိုး​ခြား များ​အ​ဖြစ်​ဖြင့်​နေ​ထိုင်​ခဲ့​ရကြ​၏။ ထို​နောက် အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည်​သင်​တို့​အား အ​ကြောင်း​မဲ့​နှိပ်​စက်​ညှဉ်း​ဆဲ​ကြ​၏။-

အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​များ​သည်​အီ​ဂျစ် ပြည်​သို့​သွား​ရောက်​၍ နှစ်​ပေါင်း​များ​စွာ​နေ ထိုင်​ခဲ့​ရာ​အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ဘိုး ဘေး​များ​နှင့်​အ​ကျွန်ုပ်​တို့​ကို​ညှင်း​ဆဲ​နှိပ်​စက် ခဲ့​ပါ​၏။-

ထို့​ကြောင့်​ယာ​ကုပ်​သည်​အီ​ဂျစ်​ပြည်​သို့​လိုက် လာ​ခဲ့​၏။ ထို​ပြည်​တွင်​သူ​နှင့်​သူ​၏​သား​များ သေ​လွန်​ကြ​၏။-

သင်​တို့​၏​ဘိုး​ဘေး​တို့​သည် အီ​ဂျစ်​ပြည်​သို့ သွား​စဉ်​က​လူ​ဦး​ရေ​အား​ဖြင့်​ခု​နစ်​ဆယ် မျှ​သာ​ရှိ​၏။ သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ယ​ခု​အ​ခါ သင်​တို့​ကို​မိုး​ကောင်း​ကင်​ကြယ်​နှင့်​အ​မျှ လူ​ဦး​ရေ​များ​ပြား​စေ​တော်​မူ​ပြီ။''

ထို​နောက်​သင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​တွင်`အ​ကျွန်ုပ်​၏​ဘိုး​ဘေး​သည် အိုး​အိမ် အ​တည်​တ​ကျ​မ​ရှိ​သော​အာ​ရေ​မီ​ယန် အ​မျိုး​သား​ဖြစ်​ပါ​သည်။ သူ​သည်​သူ​၏ မိ​သား​စု​ကို​ခေါ်​၍ အီ​ဂျစ်​ပြည်​သို့​သွား ရောက်​နေ​ထိုင်​ခဲ့​ပါ​သည်။ ထို​ပြည်​သို့​ရောက် စဉ်​က​သူ​တို့​၏​ဦး​ရေ​အ​နည်း​ငယ်​မျှ သာ​ရှိ​သော်​လည်း နောင်​တွင်​လူ​ဦး​ရေ​များ ၍​အင်​အား​ကြီး​သော​လူ​မျိုး​ဖြစ်​လာ ပါ​သည်။-

ဣ​ဇာက်​၌​သား​များ​ဖြစ်​ကြ​သော​ယာ​ကုပ်​နှင့် ဧ​သော​တို့​ကို​ထွန်း​ကား​စေ​၏။ ငါ​သည်​ဧ​သော အား​ဧ​ဒုံ​တောင်​ကုန်း​ဒေ​သ​ကို​အ​ပိုင်​ပေး​၏။ ယာ​ကုပ်​နှင့်​သူ​၏​သား​တို့​မူ​ကား​အီ​ဂျစ်​ပြည် သို့​သွား​ရောက်​နေ​ထိုင်​ခဲ့​ကြ​သည်။-

ယာ​ကုပ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် အီ​ဂျစ်​ပြည်​သို့​သွား​ရောက်​ကြ​သော​အ​ခါ အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​သူ​တို့​အား နှိပ်​စက်​က​လူ​ပြု​ကြ​၏။ ထို​အ​ခါ​သင်​တို့ ၏​ဘိုး​ဘေး​များ​သည် ထာ​ဝ​ရ​ဘု​ရား​အား ကယ်​တော်​မူ​ရန်​ဟစ်​အော်​တောင်း​လျှောက် ကြ​သ​ဖြင့် ကိုယ်​တော်​သည်​မော​ရှေ​နှင့်​အာ​ရုန် တို့​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​နှစ်​ဦး​တို့ သည်​သင်​တို့​၏​ဘိုး​ဘေး​များ​အား အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ကာ​ဤ​ပြည်​တွင်​နေ​ရာ ချ​ထား​ပေး​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ