ကမ္ဘာဦး 46:4Common Language Bibleငါသည်သင်နှင့်အတူအီဂျစ်ပြည်သို့ကြွသွား မည်။ ငါကိုယ်တိုင်သင်၏အဆက်အနွယ်တို့ကို ဤပြည်သို့ပြန်လည်ခေါ်ဆောင်ခဲ့မည်။ သင်သည် ယောသပ်၏ပြုစုခြင်းကိုခံလျက်စုတေရ လိမ့်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
``ကျွန်တော်၏အဖသေအံ့ဆဲဆဲတွင်သူ့အား ခါနာန်ပြည်ရှိသူဝယ်ထားသောသင်္ချိုင်း၌ သင်္ဂြိုဟ်ရမည်ဟု ကျွန်တော်အားကတိသစ္စာပြု စေခဲ့ပါသည်။ သို့ဖြစ်၍အဖ၏အလောင်းကို သင်္ဂြိုဟ်ရန် ခါနာန်ပြည်သို့သွား၍အလောင်း ကိုသင်္ဂြိုဟ်ပြီးလျှင်အီဂျစ်ပြည်သို့ပြန်လာ ပါမည်''ဟုဆိုလေ၏။
ငါသည်သင်တို့နှိပ်စက်ညှင်းဆဲခြင်းခံရ သောအီဂျစ်ပြည်မှသင်တို့ကိုထုတ်ဆောင် ၍၊ ခါနာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့ နေထိုင်ရာပြည်သို့ပို့ဆောင်မည်။ ထိုပြည်သည် မြေသြဇာထက်သန်၍အစာရေစာပေါ ကြွယ်ဝ၏ ဟူ၍မိန့်တော်မူကြောင်းပြော ပြလော့။
အီဂျစ်အမျိုးသားတို့လက်တွင်းမှသူတို့ အားကယ်တင်ပြီးလျှင် ထိုပြည်မှထုတ်ဆောင် လျက်မြေသြဇာထက်သန်၍ကျယ်ပြန့်သော ပြည်သို့ပို့ဆောင်ရန်ငါကြွဆင်းလာပြီ။ ထို ပြည်သည်မြေသြဇာထက်သန်၍အစာရေ စာပေါကြွယ်ဝ၏။ ထိုပြည်တွင်ခါနာန်အမျိုး သား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင်ကြ၏။-