ယောသပ်သည်အဖဣသရေလအားကြိုဆို ရန်ဂေါရှင်အရပ်သို့ရထားဖြင့်သွားလေ၏။ ဖခင်ရှေ့သို့ရောက်သောအခါဖခင်ကိုဖက် ၍ကြာရှည်စွာငိုကြွေးလေ၏။-
ထိုအခါဧသောသည်ပြေး၍ယာကုပ်ကိုဖက် ယမ်းနမ်းရှုပ်လေသည်။ သူတို့နှစ်ဦးငိုကြွေးကြ ၏။-
ထို့နောက်ဒုတိယရထားတော်ကိုယောသပ်စီး ၍ သူ၏ကိုယ်ရံတော်တို့ကရထားရှေ့ကသွား လျက်``လမ်းဖယ်ကြ၊ လမ်းဖယ်ကြ'' ဟုအော်ဟစ် ကြ၏။ ထိုသို့ဖြင့်ယောသပ်သည်အီဂျစ်တစ် ပြည်လုံးကိုအုပ်ချုပ်ရသောဘုရင်ခံအဖြစ် ခန့်အပ်ခြင်းကိုခံရလေသည်။-
ယောသပ်သည်ညီကိုမြင်ရသဖြင့်ကြင်နာ သောစိတ်ရှိ၍ မျက်ရည်မဆည်နိုင်သောကြောင့် မိမိ၏အခန်းတွင်းသို့ဝင်၍ငိုကြွေးလေ၏။-
သူတို့၏သားမယားများကိုတင်ဆောင်လာရန် အတွက် အီဂျစ်ပြည်မှလှည်းများကိုလည်းယူ သွားကြပါစေ။-
သို့ရာတွင်သူ၏ကျယ်လောင်စွာငိုကြွေးသံကို အီဂျစ်အမျိုးသားတို့ကြားရ၏။ ထိုသို့ငို ကြွေးသည့်သတင်းသည်ဖာရောဘုရင်နန်း တော်သို့တိုင်အောင်ပေါက်ကြားလေ၏။-
ယာကုပ်၏သားတို့သည်ဖာရောဘုရင်မိန့်သမျှ အတိုင်းဆောင်ရွက်ကြ၏။ ယောသပ်သည်ဖာရော ဘုရင်အမိန့်အရသူတို့အားလှည်းများနှင့် လမ်းခရီးတွင်စားသုံးရန်ရိက္ခာကိုပေးလေ၏။-
ယာကုပ်ကယောသပ်အား``ငါသည်သင့်မျက်နှာ ကိုမြင်ရ၍သင်အသက်ရှင်လျက်ရှိသေးသည် ကိုသိရသဖြင့်သေပျော်ပါပြီ'' ဟုဆိုလေ၏။
ရထားစီးသူရဲနှင့်မြင်းစီးသူရဲများလည်း လိုက်ပါလာကြသဖြင့် အလွန်များစွာသော အလုံးအရင်းတို့သည်ယောသပ်နှင့်အတူ လိုက်ပါပို့ဆောင်ကြ၏။
ထိုနောက်သူသည်ထ၍ဖခင်ထံသို့ပြန်သွားလေ၏။ ``အဝေး၌ပင်ရှိနေစဉ်ဖခင်သည်သူ့ကိုမြင် သော်သနားသဖြင့် ပြေး၍ဖက်ပြီးလျှင်နမ်းရှုပ် လေ၏။-
သူတို့သည်ပေါလုကိုဖက်ယမ်းလျက် ငိုယို ကာနမ်းရှုပ်၍နှုတ်ဆက်ကြ၏။-