Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 46:20

Common Language Bible

ယော​သပ်​သည်​အီ​ဂျစ်​ပြည်​ရှိ​သြ​န​မြို့​မှ​ယဇ် ပု​ရော​ဟိတ်​ပေါ​တိ​ဖေ​ရ​၏​သ​မီး​အာ​သ​နတ် နှင့်​သား​နှစ်​ယောက်​ဖြစ်​ကြ​သော​မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်​တို့​ကို​ရ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဘု​ရင်​သည်​ယော​သပ်​အား​ဇာ​ဖ​ဏာ​သ​ဖာ​ဏ ဟူ​သော​ဘွဲ့​နာ​မ​ကို​ချီး​မြှင့်​၍ သြ​န​မြို့​မှ ယဇ်​ပု​ရော​ဟိတ်​ပေါ​တိ​ဖေ​ရ​၏​သ​မီး​အာ​သ နတ်​နှင့်​ထိမ်း​မြား​စုံ​ဖက်​စေ​လေ​သည်။ ယော​သပ်​သည်​အီ​ဂျစ်​ပြည်​ဖာ​ရော​ဘု​ရင်​၏ မင်း​မှု​ကို စ​တင်​ထမ်း​ရွက်​သည့်​အ​ခါ​၌​အ​သက် အ​နှစ်​သုံး​ဆယ်​ရှိ​၏။ သူ​သည်​ဘုရင်​ထံ​ပါး​မှ ထွက်​၍​အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​သို့​တိုင်း​ခန်း လှည့်​လည်​လေ​သည်။-

ယာ​ကုပ်​၏​မ​ယား​ရာ​ခေ​လ​သည် သား​များ ဖြစ်​ကြ​သော​ယော​သပ်​နှင့်​ဗင်္ယာ​မိန်​တို့​ကို ဖွား​မြင်​၏။-

တစ်​နေ့​သော​အ​ခါ​ယော​သပ်​သည်​ယာ​ကုပ် မ​ကျန်း​မ​မာ​သည့်​သ​တင်း​ကို​ကြား​သိ​ရ သ​ဖြင့် သား​နှစ်​ယောက်​ဖြစ်​ကြ​သော​မ​နာ​ရှေ နှင့်​ဧ​ဖ​ရိမ်​တို့​ကို​ခေါ်​၍​ယာ​ကုပ်​ထံ​သို့​သွား လေ​၏။-

သို့​ဖြစ်​၍​ယာ​ကုပ်​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​သင်​တို့​၏​နာ​မည်​များ​ကို​အ​သုံး ပြု​လျက်​ကောင်း​ချီး​ပေး​ကြ​လိမ့်​မည်။ သူ​တို့ က`ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ​တို့​ကဲ့​သို့​သင့်​ကို​ကြီး ပွား​စေ​ရန်​ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​ပါ​စေ သော' ဟု​ဆို​ကြ​လိမ့်​မည်'' ဟူ​၍​ထို​နေ့​၌​သူ ငယ်​တို့​အား​ကောင်း​ချီး​ပေး​လေ​၏။ ဤ​နည်း အား​ဖြင့်​ယာ​ကုပ်​သည်​ဧ​ဖ​ရိမ်​၏​နာ​မည် ကို​မ​နာ​ရှေ​၏​နာ​မည်​ရှေ့​၌​ထား​သ​တည်း။

အာ​ဝင်​မြို့​နှင့်​ဖိ​ဗေ​သက်​မြို့​တို့​မှ​လူ​ငယ် လူ​ရွယ်​များ​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​၍ အ​ခြား​သူ​တို့​သည်​ကား​သုံ့​ပန်း​အ​ဖြစ် အ​ဖမ်း​ခံ​ရ​ကြ​လိမ့်​မည်။-

ယော​သပ်​၏​သား​ဦး​ဖြစ်​သော​မ​နာ​ရှေ​၏ အ​ဆက်​အ​နွယ်​မိ​သား​စု​အ​ချို့​တို့​သည် လည်း ယော်​ဒန်​မြစ်​အ​နောက်​ဘက်​ရှိ​နယ်​မြေ တစ်​စိတ်​တစ်​ဒေ​သ​ကို​အ​ပိုင်​ရ​ရှိ​ကြ​လေ သည်။ ဂိ​လဒ်​၏​ဖ​ခင်​မာ​ခိ​ရ​သည်​မ​နာ​ရှေ ၏​သား​ဦး​ဖြစ်​သည်။ စစ်​သူ​ရဲ​ကောင်း​လည်း ဖြစ်​သည်။ သို့​ဖြစ်​၍​သူ​သည်​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​ရှိ​ဂိ​လဒ်​နယ်​နှင့်​ဗာ​ရှန်​နယ် တို့​ကို​ရ​ရှိ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ