ကမ္ဘာဦး 46:12Common Language Bibleယုဒနှင့်သူ၏သားများဖြစ်ကြသောရှေလ၊ ဖာရက်၊ ဇာရ (ယုဒ၏အခြားသားများဖြစ် ကြသောဧရနှင့်သြနန်တို့သည်ခါနာန်ပြည် ၌သေဆုံးကြ၏။) ဖာရက်၏သားများဖြစ် ကြသောဟေဇရုံနှင့်ဟာမုလ။- အခန်းကိုကြည့်ပါ။ |
ဟေဗြုန်မြို့တွင်ဒါဝိဒ်မင်းနန်းစံစဉ်အခါ ရရှိသောသားများကား ကြီးစဉ်ငယ်လိုက် အောက်ပါအတိုင်းဖြစ်၏။ ယေဇရေလမြို့သူအဟိနောင်ကမွေးသော သားအာမနုန်၊ ကရမေလမြို့သူအဘိဂဲလကမွေးသော သားဒံယေလ၊ ဂေရှုရဘုရင်တာလမဲ၏သမီးမာခါက မွေးသောသားအဗရှလုံ၊ ဟ္ဂိတ်ကမွေးသောသားအဒေါနိယ၊ အဘိ တလကမွေးသောသားရှေဖတိ၊ ဧဂလမွေးသောသားဣသရံ။
ယုဒအနွယ်မှအိမ်ထောင်စုပေါင်းခြောက်ရာ ကိုးဆယ်တို့သည် ယေရုရှလင်မြို့တွင်နေ ထိုင်ကြ၏။ ယုဒ၏သားဖာရက်မှဆင်းသက်လာသူတို့ ၏ခေါင်းဆောင်မှာဥသဲဖြစ်၏။ သူသည်အမိ ဟုဒ်၏သား၊ သြမရိ၏မြေးတည်း။ သူ၏ အခြားဘိုးဘေးများတွင်ဣမရိနှင့် ဗာနိတို့ပါဝင်သည်။ ယုဒ၏သားရှေလမှဆင်းသက်လာသူတို့ ၏ခေါင်းဆောင်မှာအသာယဖြစ်၏။ သူသည် မိမိ၏အိမ်ထောင်ဦးစီးဖြစ်လေသည်။ ယုဒ၏သားဇေရမှဆင်းသက်လာသူ တို့၏ခေါင်းဆောင်မှာယွေလဖြစ်၏။
ယုဒအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။ ``အို ထာဝရဘုရားယုဒအနွယ်ဝင်တို့အကူ အညီ တောင်းလျှောက်သံကိုနားညောင်းတော်မူပါ။ အခြားအနွယ်ဝင်များနှင့်ပြန်လည် ပေါင်းစည်းမိစေတော်မူပါ။ အို ထာဝရဘုရား၊သူတို့အတွက်တိုက်ခိုက် တော်မူပါ။ သူတို့ဘက်မှရန်သူများကိုတိုက်ခိုက်တော် မူပါ။''