Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 45:8

Common Language Bible

သို့​ဖြစ်​၍​သင်​တို့​သည်​ကျွန်ုပ်​အား​ဤ​အ​ရပ်​သို့ စေ​လွှတ်​လိုက်​ခြင်း​မ​ဟုတ်၊ ဘု​ရား​သ​ခင်​က​စေ လွှတ်​တော်​မူ​ခြင်း​ပင်​ဖြစ်​သည်။ ဘု​ရား​သ​ခင် သည်​ကျွန်ုပ်​ကို​ဤ​တိုင်း​ပြည်​၏​ဘုရင်​ခံ​အ​ရာ​၌ ခန့်​ထား​တော်​မူ​ပြီ။ ကျွန်ုပ်​သည်​အီ​ဂျစ်​ပြည် တစ်​ပြည်​လုံး​ကို​အုပ်​ချုပ်​ရ​သူ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​က``ယော​သပ်​သည်​အ​သက်​ရှင်​လျက်​ရှိ​ပါ သေး​၏။ သူ​သည်​အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​ကို အုပ်​စိုး​သော​မင်း​ဖြစ်​နေ​ပါ​၏'' ဟု​ဆို​ကြ​သော် ယာ​ကုပ်​သည်​လွန်​စွာ​အံ့​အား​သင့်​လျက်​မ​ယုံ နိုင်​ဖြစ်​လေ​၏။

သင်​တို့​သည်​ကျွန်ုပ်​အား​ဤ​အ​ရပ်​သို့​ရောင်း​ချ မိ​သော​ကြောင့်​စိတ်​မ​ညှိုး​ငယ်​ကြ​ပါ​နှင့်။ မိ​မိ တို့​ကိုယ်​ကို​လည်း​အ​ပြစ်​မ​တင်​ကြ​ပါ​နှင့်။ ဘု​ရား​သ​ခင်​သည်​လူ​အ​ပေါင်း​တို့​၏​အ​သက် ကို​ကယ်​ဆယ်​ခြင်း​ငှာ သင်​တို့​အ​လျင်​ကျွန်ုပ် အား​စေ​လွှတ်​တော်​မူ​ခဲ့​ခြင်း​ဖြစ်​သည်။-

ဆင်းရဲသောသူတို့၏ အဘဖြစ်၏။ အသိ အကျွမ်းမရှိသော သူတို့၏အမှုကို ငါနားထောင်၏။

သင်​ရာ​ထူး​အ​လျောက်​ဝတ်​ဆင်​ရ​သည့်​ဝတ် လုံ​ကို​သူ့​အား​ဝတ်​ဆင်​စေ​၍ သင်​၏​ခါး​စည်း ကို​စည်း​စေ​လော့။ သင်​ရ​ရှိ​ခဲ့​သော​အ​ခွင့် အာ​ဏာ​ရှိ​သ​မျှ​ကို​အပ်​နှင်း​မည်။ ထို​သူ သည်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​များ​နှင့် ယု​ဒ​ပြည်​သူ​တို့​အ​တွက် ဖ​ခင်​သ​ဖွယ် ဖြစ်​လိမ့်​မည်။-

သင်​တို့​သည်​ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ တည်​မြဲ​သော​အ​သီး​ကို​သီး​နိုင်​ကြ​စေ​ရန်​သင် တို့​အား​ငါ​ရွေး​ကောက်​ခန့်​ထား​၏။ သို့​ဖြစ်​၍​ငါ ၏​နာ​မ​ကို​အ​မှီ​ပြု​၍​သင်​တို့​တောင်း​လျှောက် သ​မျှ​တို့​ကို​ခ​မည်း​တော်​ပေး​တော်​မူ​လိမ့်​မည်။-

သ​ခင်​ယေ​ရှု​က ``မင်း​ကြီး​အား​ဘု​ရား​သ​ခင် အပ်​နှင်း​၍​သာ​ဤ​သို့​သော​အ​ခွင့်​အာ​ဏာ​ကို ခံ​ယူ​ရ​ရှိ​သည်။ ထို့​ကြောင့်​အ​ကျွန်ုပ်​အား​မင်း ကြီး​၏​လက်​သို့​အပ်​နှံ​သူ​သည်​ပို​၍​အ​ပြစ် ကြီး​၏'' ဟု​မိန့်​တော်​မူ​၏။-

ထို့​ကြောင့်​ဘု​ရား​သ​ခင်​၏​ရွေး​ချယ်​မှု​သည် လူ​၏​အ​လို​ဆန္ဒ​သို့​မ​ဟုတ်​လူ​၏​ကြိုး​စား အား​ထုတ်​မှု​အ​ပေါ်​တွင်​မ​တည်။ ကိုယ်​တော် ၏​က​ရု​ဏာ​တော်​အ​ပေါ်​၌​သာ​တည်​ပေ​သည်။-

သြ​နေ​သိမ်​သည်​သင်​နှင့်​အ​စဉ်​ပြန်​လည်​နေ​ထိုင် နိုင်​ရန် သင်​နှင့်​ခေတ္တ​မျှ​ခွဲ​ခွာ​ရ​ခြင်း​ဖြစ်​တန်​ရာ​၏။-

မိက္ခာ​က​လည်း``အ​ကျွန်ုပ်​နှင့်​အ​တူ​နေ​ပါ​လော့။ အ​ကျွန်ုပ်​အား​အ​ကြံ​ဉာဏ်​ပေး​သူ၊ အ​ကျွန်ုပ်​၏ ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့်​နေ​ပါ​လော့။ သင့် အား​တစ်​နှစ်​လျှင်​ငွေ​ဒင်္ဂါး​တစ်​ဆယ်​နှင့်​ဝတ်​စုံ ကို​လည်း​ကောင်း၊ အ​စား​အ​စာ​ကို​လည်း​ကောင်း အ​ကျွန်ုပ်​ထောက်​ပံ့​ပါ​မည်'' ဟု​ဆို​လေ​သော်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ