Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 45:6

Common Language Bible

တိုင်း​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ဆိုက် သည်​မှာ ယ​ခု​နှစ်​နှစ်​မျှ​သာ​ရှိ​သေး​သည်။ ထွန် ယက်​စိုက်​ပျိုး​ခြင်း​နှင့်​စပါး​ရိတ်​သိမ်း​ခြင်း​မ​ပြု လုပ်​နိုင်​သော​နှစ်​ငါး​နှစ်​ကျန်​သေး​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​မိ​သား​စု​၏​အတ္ထု​ပ္ပတ္တိ​ကို​ဖော်​ပြ​ပေ​အံ့။ ယော​သပ်​သည်​အ​သက်​တစ်​ဆယ့်​ခု​နစ်​နှစ်​သို့ ရောက်​သော် ဖ​ခင်​၏​မ​ယား​ငယ်​များ​ဖြစ်​သော ဗိ​လ​ဟာ​နှင့်​ဇိ​လ​ပ​တို့​၏​သား​များ​နှင့် အ​တူ​သိုး​ဆိတ်​များ​ကို​ထိန်း​ကျောင်း​ရ​၏။ သူ သည်​အစ်​ကို​တို့​အ​ကြောင်း​ကို​ဖ​ခင်​အား တိုင်​ကြား​တတ်​၏။

ထို​သူ​တို့​အား​လာ​မည့်​ပေါ​ကြွယ်​ဝ​သော​နှစ် များ​အ​တွင်း​ရိက္ခာ​စု​ဆောင်း​စေ​၍ မြို့​များ​၌ သို​လှောင်​စေ​ပြီး​လျှင်​စောင့်​ရှောက်​စေ​တော် မူ​ပါ။-

အီ​ဂျစ်​ပြည်​တွင်​ရိက္ခာ​ပေါ​ကြွယ်​ဝ​သော ခု​နစ်​နှစ်​ကာ​လ​ကုန်​ဆုံး​လေ​၏။-

ထို​နောက်​ယော​သပ်​ပြော​ခဲ့​သည့်​အ​တိုင်း​အ​စာ ခေါင်း​ပါး​သော​ခု​နစ်​နှစ်​ကပ်​ဆိုက်​ရောက်​လာ​လေ ၏။ အ​ခြား​သော​တိုင်း​ပြည်​အ​သီး​သီး​တို့​တွင် လည်း​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ကျ​ရောက်​လျက် ရှိ​သည်။ သို့​ရာ​တွင်​အီ​ဂျစ်​ပြည်​၌​ရိက္ခာ​ရှိ​လျက် ပင်။-

အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​သည်​အီ​ဂျစ်​ပြည် အ​ရပ်​ရပ်​သို့​ဆိုက်​ရောက်​၍​အ​လွန်​ဆိုး​ရွား လာ​သ​ဖြင့် ယော​သပ်​သည်​စပါး​ကျီ​ရှိ​သ​မျှ တို့​ကို​ဖွင့်​၍​အီ​ဂျစ်​ပြည်​သား​တို့​အား​စပါး ရောင်း​ချ​လေ​၏။-

ထို​နှစ်​ကုန်​၍​နောက်​တစ်​နှစ်​သို့​ရောက်​ရှိ​လာ သော​အ​ခါ သူ​တို့​သည်​ယော​သပ်​ထံ​သို့​လာ ကြ​ပြန်​၍``ကျွန်​တော်​တို့​လက်​တွင်​ငွေ​လည်း ကုန်​ကြောင်း၊ တိ​ရစ္ဆာန်​များ​လည်း​ကိုယ်​တော်​၏ လက်​ဝယ်​သို့​ရောက်​ရှိ​ကြောင်း ကိုယ်​တော်​အ​သိ ပင်​ဖြစ်​ပါ​သည်။ ယ​ခု​ကျွန်​တော်​တို့​၏​ကိုယ် နှင့်​ကျွန်​တော်​တို့​၏​လယ်​မြေ​များ​မှ​လွဲ​၍ ကိုယ်​တော်​အား​ပေး​ရန်​အ​ဘယ်​အ​ရာ​မျှ မ​ရှိ​တော့​ပါ။-

ယော​သပ်​က​ပြည်​သား​တို့​အား``ယ​ခု​ငါ​သည် သင်​တို့​နှင့်​သင်​တို့​၏​လယ်​မြေ​များ​ကို​ဘု​ရင့် အ​တွက်​ဝယ်​ယူ​ပြီး​ပြီ။ သင်​တို့​၏​လယ်​များ တွင်​စိုက်​ပျိုး​ရန်​မျိုး​စ​ပါး​ကို​ယူ​ကြ​လော့။-

``သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ် လုပ်​ရ​မည်။ သို့​ရာ​တွင်​သတ္တ​မ​နေ့​၌​အ​လုပ် မ​လုပ်​ရ။

သင်​တို့​လယ်​ယာ​များ​ကို​ထွန်​ယက်​ပေး​ကြ သည့်​နွား​များ၊ မြည်း​များ​သည်​ကောင်း​ပေ့၊ သန့်​ပေ့​ဆို​သည့်​အ​စာ​များ​ကို​စား​ရ​ကြ လိမ့်​မည်။-

ထို​နွား​မ​ကို​ရေ​မ​ခန်း​သည့်​ချောင်း​အ​နီး ရှိ​မြေ​ရိုင်း​တစ်​ကွက်​သို့​ခေါ်​ဆောင်​၍ ထို နေ​ရာ​တွင်​နွား​မ​၏​လည်​ကို​ချိုး​၍​သတ် ရ​မည်။-

သူ​သည်​အ​ချို့​ကို​လူ​တစ်​ထောင်​တပ်​မှူး​များ၊ အ​ချို့​ကို​လူ​ငါး​ဆယ်​တပ်​မှူး​များ​အ​ဖြစ် ခန့်​ထား​လိမ့်​မည်။ သင်​တို့​၏​သား​များ​သည် ဘု​ရင်​၏​လယ်​များ​ကို​ထွန်​၍ သူ​၏​စပါး​များ ကို​ရိတ်​သိမ်း​ရ​လိမ့်​မည်။ သူ​၏​လက်​နက်​များ၊ စစ်​ရ​ထား​တန်​ဆာ​များ​ကို​ပြု​လုပ်​ရ​ကြ လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ