ကမ္ဘာဦး 45:11Common Language Bibleဂေါရှင်အရပ်သို့ရောက်လျှင်သားကဖခင်အား ပြုစုစောင့်ရှောက်နိုင်ပါမည်။ အစာခေါင်းပါးသည့် နှစ်ငါးနှစ်ကျန်သေးသဖြင့်ဖခင်၏အိမ်သူအိမ် သားများနှင့်သိုး၊ ဆိတ်၊ နွားများပါမကျန်ရိက္ခာ ပြတ်၍ဆင်းရဲဒုက္ခမရောက်စေလိုပါ'' ဟူ၍ ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ယုဒအမျိုးသားမော်ဒကဲသည်ဇေရဇ်ဘုရင် ပြီးလျှင် နိုင်ငံတော်တွင်တန်ခိုးအကြီးဆုံး သောသူဖြစ်၏။ သူသည်ယုဒအမျိုးသား တို့၏ချစ်ခင်ကြည်ညိုရိုသေလေးစားမှုကို ခံရလေသည်။ သူသည်မိမိလူမျိုး၏အ ကျိုးနှင့် သူတို့၏သားမြေးများ၏လုံခြုံမှု အတွက်ဆောင်ရွက်ခဲ့သောသူဖြစ်ပေသည်။ ဧသတာဝတ္ထုပြီး၏။
သို့ရာတွင်မုဆိုးမတစ်စုံတစ်ယောက်တွင်သား မြေးရှိလျှင် သူတို့သည်မိမိတို့၏အိမ်ထောင်စု ဆိုင်ရာဘာသာရေးတာဝန်ဝတ္တရားများကို လည်းကောင်း၊ မိမိတို့အားကျွေးမွေးပြုစုခဲ့သူ မိဘဘိုးဘွားတို့၏ကျေးဇူးကိုပြန်လည်ဆပ် ပေးမှုကိုလည်းကောင်းဦးစွာသင်ရကြပေမည်။ ဤသို့သောအမှုကိုဘုရားသခင်နှစ်သက် တော်မူ၏။-