ထိုအခါသူတို့က``အရှင်၊ ကျွန်တော်တို့ကို ဤသို့မစွပ်စွဲပါနှင့်။ ကျွန်တော်တို့သည်ထို သို့သောပြစ်မှုကိုမကူးလွန်ကြောင်းကျိန် ဆိုပါသည်။-
ယာကုပ်သည်ထိုအရပ်တွင်နေထိုင်စဉ်ရုဗင် သည် ဖခင်၏မယားငယ်ဗိလဟာနှင့်ဖောက် ပြန်မှားယွင်းလေ၏။ ယာကုပ်သည်ထိုအကြောင်း ကိုကြားသိလေသည်။ ယာကုပ်တွင်သားတစ်ဆယ့်နှစ်ယောက်ရှိ၏။-
အိမ်တော်ဝန်သည်ထိုသူတို့နောက်သို့လိုက်၍ မီသောအခါ ယောသပ်မှာကြားလိုက်သည့် အတိုင်းသူတို့အားပြောလေ၏။-
ကျွန်တော်တို့၏အိတ်ဝများ၌တွေ့ရှိသော ငွေကိုပင် ခါနာန်ပြည်မှပြန်၍ယူခဲ့ကြောင်း အရှင်သိပါသည်။ သို့ဖြစ်၍ကျွန်တော်တို့ သည်ဘုရင်ခံ၏အိမ်မှရွှေငွေကိုအဘယ် ကြောင့်ခိုးယူရပါမည်နည်း။-
ယွာဘက``ထိုသို့မဟုတ်ပါ။ ငါသည်အဘယ် အခါ၌မျှ သင်တို့၏မြို့ကိုဖျက်ဆီးမည် မဟုတ်ပါ။-
ဟာဇေလက``အကျွန်ုပ်သည်မရေရာသူ တစ်ဦးဖြစ်ပါသည်။ အဘယ်သို့လျှင်ဤ မျှတန်ခိုးကြီးနိုင်ပါမည်နည်း'' ဟုမေး၏။ ဧလိရှဲက``သင်သည်ရှုရိပြည်ကိုစိုးစံရလိမ့် မည်ဖြစ်ကြောင်း ငါ့အားထာဝရဘုရားဖော်ပြ တော်မူလေပြီ'' ဟုဆို၏။
ကောင်းသောအသရေကို များစွာသော ဥစ္စာ ထက်သာ၍ ရွေးစရာကောင်း၏။ သူတပါးစုံမက်ခြင်း ကျေးဇူးသည် ရွှေငွေထက်သာ၍ ကောင်း၏။
ကောင်းသောအသရေသည် နံ့သာဆီထက်သာ ၍ ကောင်း၏။ သေရသောနေ့သည်လည်း ဘွားမြင်သော နေ့ထက်သာရောကောင်း၏။
ငါတို့အတွက်ဆက်လက်ဆုတောင်းနေကြ လော့။ ငါတို့သည်မိမိတို့၏သြတ္တပ္ပစိတ် ကြည်လင်သည်ကိုအသေအချာသိ၏။ အဘယ်ကြောင့်ဆိုသော်ငါတို့သည်အခါ ခပ်သိမ်းမှန်ရာကိုသာပြုလုပ်ရန်ဆန္ဒရှိ ကြသောကြောင့်ဖြစ်၏။-