ဖခင်က`သင်တို့သိသည့်အတိုင်းရာခေလသည် သားနှစ်ယောက်တည်းဖွားမြင်၍၊-
ယာကုပ်သည် သဘောတူလက်ခံလေ၏။ မင်္ဂလာပွဲ ရက်သတ္တပတ်ကုန်ဆုံးသောအခါ လာဗန်သည် သမီးရာခေလကို ယာကုပ်နှင့်ပေးစား၏။-
သို့ရာတွင်ယာကုပ်က``ငါ့သားကိုသင်တို့နှင့် အတူမလွှတ်နိုင်။ သူ၏အစ်ကိုသေဆုံးပြီဖြစ် ၍သူတစ်ယောက်တည်းကျန်ရစ်သည်။ ငါသည် အသက်အရွယ်အိုမင်းပါပြီ။ အကယ်၍ခရီး လမ်းတွင်သူသည်ဘေးဥပဒ်နှင့်တွေ့ကြုံရ သော် ငါသည်ဝမ်းနည်းကြေကွဲလျက်သေ ရပါမည်'' ဟုဆိုလေ၏။
ကျွန်တော်တို့က`ကျွန်တော်တို့မသွားပါရစေနှင့်။ ကျွန်တော်တို့၏ညီအငယ်ဆုံးမလိုက်ပါခဲ့လျှင် ဘုရင်ခံထံသို့ဝင်ရမည်မဟုတ်ပါ။ ကျွန်တော် တို့၏ညီအငယ်ဆုံးလိုက်ပါမည်ဆိုလျှင် ကျွန်တော်တို့သွားပါမည်' ဟုဖခင်အားပြန် ပြောပါသည်။-
ယာကုပ်၏မယားရာခေလသည် သားများ ဖြစ်ကြသောယောသပ်နှင့်ဗင်္ယာမိန်တို့ကို ဖွားမြင်၏။-
ဤသူတစ်ဆယ့်လေးယောက်တို့သည်ယာကုပ် နှင့်ရာခေလတို့မှပေါက်ဖွားသောသားမြေး များဖြစ်ကြသတည်း။