Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 44:2

Common Language Bible

အငယ်​ဆုံး​သော​သူ​၏​အိတ်​ဝ​တွင်​ငါ​၏​ဖ​လား​နှင့် သူ​၏​စ​ပါး​ဖိုး​ငွေ​ကို​ထည့်​ပေး​လော့'' ဟု​အ​မိန့် ပေး​၏။ အိမ်​တော်​ဝန်​သည်​ယော​သပ်​မိန့်​မှာ​သည့် အ​တိုင်း​ဆောင်​ရွက်​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သင်​တို့​၏​ညီ​အ​ငယ်​ဆုံး​ကို​ငါ့​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ရ​မည်။ ထို​သို့​ပြု​လုပ်​လျှင်​သင်​တို့ ၏​စ​ကား​မှန်​ကန်​ကြောင်း​သိ​ရ​မည်။ သင်​တို့​သည် လည်း​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့်​မည်'' ဟု ဆို​လေ​၏။ သူ​တို့​သည်​ယော​သပ်​ပြော​သ​မျှ​သ​ဘော​တူ ကြ​၏။-

ယော​သပ်​က​သူ​၏​အစ်​ကို​တို့​၏​အိတ်​များ​တွင် စ​ပါး​အ​ပြည့်​ထည့်​ပေး​၍ တစ်​ယောက်​စီ​ထံ​မှ​ရ သော​စ​ပါး​ဖိုး​ငွေ​ကို​အ​သီး​သီး​တို့​၏​အိတ်​၌ ပြန်​ထည့်​ပေး​ရန်​နှင့် လမ်း​ခ​ရီး​၌​စား​ရန်​ရိက္ခာ ကို​လည်း​ထည့်​ပေး​ရန်​အ​မိန့်​ပေး​သည့်​အ​တိုင်း တာ​ဝန်​ခံ​က​ပြု​၏။-

ယော​သပ်​အ​ဖို့​စား​ပွဲ​တစ်​ပွဲ၊ သူ​၏​အစ်​ကို​တို့ အ​ဖို့​စား​ပွဲ​တစ်​ပွဲ၊ အီ​ဂျစ်​အ​မျိုး​သား​တို့ အ​ဖို့​စား​ပွဲ​တစ်​ပွဲ​တည်​ခင်း​ကြ​၏။ အီ​ဂျစ် အ​မျိုး​သား​တို့​သည်​ဟေ​ဗြဲ​အ​မျိုး​သား​တို့ နှင့်​အ​တူ​စား​သောက်​လျှင် ဂုဏ်​သိမ်​သည်​ဟု ယူ​ဆ​ကြ​သော​ကြောင့်​ဟေ​ဗြဲ​အ​မျိုး​သား တို့​နှင့်​အ​တူ​တူ​မ​စား​ကြ။-

ယော​သပ်​သည်​အိမ်​တော်​ဝန်​အား``ထို​သူ​တို့ ၏​အိတ်​များ​တွင်​ရိက္ခာ​စပါး​ကို​သူ​တို့​သယ်​နိုင် သ​မျှ​ဖြည့်​ပေး​လော့။ တစ်​ယောက်​စီ​၏​အိတ်ဝ ၌​လည်း​သူ​၏​စပါး​ဖိုး​ငွေ​ကို​ထည့်​ပေး​လော့။-

အိမ်​တော်​ဝန်​သည်​ညီ​အစ်​ကို​တို့​တွင်​အ​သက် အ​ကြီး​ဆုံး​မှ​အ​ငယ်​ဆုံး​အ​ထိ အ​စဉ်​လိုက် တစ်​ဦး​စီ​၏​အိတ်​ကို​ရှာ​ဖွေ​ရာ​ဗင်္ယာ​မိန် အိတ်​တွင်​ဖ​လား​ကို​တွေ့​ရ​လေ​၏။-

နံ​နက်​မိုး​လင်း​သော​အ​ခါ​သူ​တို့​သည်​မြည်း များ​နှင့်​တ​ကွ​ထွက်​သွား​ကြ​လေ​၏။-

``သိုး​များ​အား​ဝံ​ပု​လွေ​စု​ထဲ​သို့​စေ​လွှတ်​သ​ကဲ့ သို့​သင်​တို့​အား​ငါ​စေ​လွှတ်​၏။ သို့​ဖြစ်​၍​မြွေ​ကဲ့​သို့ ပါး​နပ်​လိမ္မာ​ကာ​ချိုး​ကဲ့​သို့​အ​ဆိပ်​ကင်း​၍​နူး​ညံ့ သိမ်​မွေ့​ကြ​လော့။-

ဤ​ကား​အ​မိန့်​ပေး​ခြင်း​မ​ဟုတ်။ သူ​တစ်​ပါး တို့​၏​စေ​တ​နာ​ထက်​သန်​ကြ​ပုံ​ကို​သင်​တို့ အား​ပြော​ရ​ခြင်း​မှာ​သင်​တို့​၏​မေတ္တာ​အ​ဘယ် မျှ​စစ်​မှန်​သည်​ကို​သိ​ရှိ​နိုင်​ရန်​အ​တွက်​ဖြစ် ၏။-

ထို​သူ​၏​စ​ကား​ကို​နား​မ​ထောင်​ရ။ သင်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​စိတ်​နှ​လုံး ဖြင့်​ချစ်​သည်​မ​ချစ်​သည်​ကို​သိ​နိုင်​ရန် သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​အား​ဖြင့်​သင်​တို့​ကို​စစ်​ဆေး​ခြင်း ဖြစ်​၏။-

တော​ကန္တာ​ရ​ထဲ​တွင်​သင်​တို့​၏​ဘိုး​ဘေး​များ​မ​စား ဘူး​သော​မန္န​မုန့်​ကို​ကျွေး​တော်​မူ​၏။ နောက်​ဆုံး​၌ သင်​တို့​ကောင်း​ချီး​ခံ​စား​ရ​စေ​ရန် သင်​တို့​အား ဆင်းရဲ​ဒုက္ခ​ရောက်​စေ​တော်​မူ​၏။ ထို​သို့​ဆင်း​ရဲ​ဒုက္ခ ရောက်​စေ​ရ​ခြင်း​အ​ကြောင်း​မှာ သင်​တို့​ကို​စစ် ဆေး​ရန်​ဖြစ်​၏။-

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လွန်​ခဲ့​သော​နှစ်​ပေါင်း​လေး​ဆယ်​ပတ်​လုံး သင်​တို့ အား​တော​ကန္တာ​ရ​ကို​ဖြတ်​၍​ပို့​ဆောင်​တော်​မူ ခဲ့​၏။ ထို​စဉ်​က​သင်​တို့​သည်​ပ​ညတ်​တော်​များ ကို လိုက်​နာ​လို​သော​စိတ်​ဆန္ဒ​ရှိ​သည်​မ​ရှိ​သည် ကို​စစ်​ဆေး​ရန် သင်​တို့​အား​ဆင်း​ရဲ​ဒုက္ခ​အ​မျိုး မျိုး​ရောက်​စေ​ခဲ့​ကြောင်း​ကို​သ​တိ​ရ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ