ကမ္ဘာဦး 44:19Common Language Bibleအရှင်က`သင်တို့တွင်ဖခင်ရှိသေးသလော။ ညီရှိ သေးသလော' ဟုမေးပါသည်။- အခန်းကိုကြည့်ပါ။ |
သူတို့က``ထိုသူသည်ကျွန်တော်တို့၏မိသား စုအကြောင်းကို စေ့စေ့စပ်စပ်မေးမြန်းပါသည်။ သူက`သင်တို့၏အဖအသက်ရှင်လျက်ရှိသေး သလော။ သင်တို့တွင်ညီရှိသေးသလော' ဟု မေးပါသည်။ ကျွန်တော်တို့ကသူ၏မေးခွန်း များကိုဖြေရပါသည်။ သူကကျွန်တော်တို့ ၏ညီကိုအီဂျစ်ပြည်သို့ခေါ်ဆောင်ခဲ့ရန်စေ ခိုင်းလိမ့်မည်ဟုကျွန်တော်တို့အဘယ်သို့သိ နိုင်မည်နည်း'' ဟုဖြေကြားကြ၏။
ကျွန်တော်တို့ကအသက်အရွယ်အိုမင်းသော ဖခင်ရှိပါသည်။ ဖခင်အသက်ကြီးမှရသော ညီတစ်ယောက်လည်းရှိပါသေးသည်။ ထိုသူငယ် ၏အစ်ကိုအရင်းသေဆုံးပြီဖြစ်သောကြောင့် သူ၏မိခင်ဖွားသည့်သားများအနက်ဤ သားတစ်ယောက်တည်းသာကျန်ရှိပါသည်။ သူ၏ဖခင်ကသူ့အားအလွန်ချစ်ပါသည်' ဟုပြောကြားခဲ့ပါသည်။-