အဖကညီကိုကျွန်တော်တို့နှင့်အတူသွား ခွင့်ပြုမည်ဆိုလျှင် ကျွန်တော်တို့သွား၍အဖ အတွက်ရိက္ခာဝယ်ယူပါမည်။-
အီဂျစ်ပြည်၌စပါးရှိကြောင်းငါကြားရသည်။ ငါတို့အစာငတ်၍မသေကြစေရန်သင်တို့ ထိုပြည်သို့သွား၍စပါးဝယ်ကြလော့'' ဟု စေခိုင်းလေ၏။-
ယာကုပ်၏မိသားစုတို့သည်အီဂျစ်ပြည်မှဝယ် ယူခဲ့သောစပါးကို စားသုံး၍ကုန်သောအခါ ယာကုပ်ကသားတို့အား``အီဂျစ်ပြည်သို့ပြန် သွား၍ရိက္ခာဝယ်ကြဦး'' ဟုစေခိုင်းလေ၏။
ယုဒကယာကုပ်အား``အီဂျစ်ပြည်ဘုရင်ခံက ကျွန်တော်တို့၏ညီကိုမခေါ်ဆောင်နိုင်ခဲ့လျှင် သူ၏ရှေ့တော်မှောက်သို့မဝင်ရဟူ၍အတိ အလင်းသတိပေးပါသည်။-
အဖကကျွန်တော်တို့နှင့်အတူညီကိုသွားခွင့် မပေးလျှင် သင်တို့၏ညီမပါခဲ့လျှင်ငါ၏ရှေ့ မှောက်သို့မဝင်ရဟုဘုရင်ခံကအမိန့်ရှိသဖြင့် ကျွန်တော်တို့မသွားဝံ့ပါ'' ဟုပြောလေ၏။
ကျွန်တော်တို့က`ကျွန်တော်တို့မသွားပါရစေနှင့်။ ကျွန်တော်တို့၏ညီအငယ်ဆုံးမလိုက်ပါခဲ့လျှင် ဘုရင်ခံထံသို့ဝင်ရမည်မဟုတ်ပါ။ ကျွန်တော် တို့၏ညီအငယ်ဆုံးလိုက်ပါမည်ဆိုလျှင် ကျွန်တော်တို့သွားပါမည်' ဟုဖခင်အားပြန် ပြောပါသည်။-