ကမ္ဘာဦး 43:14Common Language Bibleထိုသူသည်ဗင်္ယာမိန်နှင့်ရှိမောင်တို့ကိုသင်တို့ အားပြန်အပ်စေရန် အနန္တတန်ခိုးရှင်ဘုရားသခင်သည်ထိုသူ၏စိတ်ကိုပြုပြင်ပေးတော် မူပါစေသော။ အကယ်၍ငါသည်သားတို့ ကိုဆုံးရှုံးရမည်ဆိုလျှင်ဆုံးရှုံးရမည်သာ ဖြစ်သည်'' ဟုဆို၏။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်၏ဆုတောင်းပတ္ထနာကိုလည်းကောင်း၊ ကိုယ်တော်အားရိုသေသောကိုယ်တော့်ကျွန် များ၏ဆုတောင်းပတ္ထနာကိုလည်းကောင်း နားညောင်းတော်မူပါ။ ယနေ့အကျွန်ုပ်အား အောင်မြင်ခွင့်ကိုပေးတော်မူပါ။ ဧကရာဇ် မင်းအားအကျွန်ုပ်၏အပေါ်တွင်ကရုဏာ ထားစေတော်မူပါ'' ဟုငါသည်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြု၏။ ထိုစဉ်အခါကငါသည်ဧကရာဇ်မင်း ကြီးအားစပျစ်ရည်ဆက်သရသူဖြစ်၏။
``ရှုရှန်မြို့တွင်ရှိသမျှသောယုဒအမျိုး သားတို့ကိုစုရုံးပြီးလျှင် ကျွန်မအတွက် အစာရှောင်စေ၍ နေ့ညဥ့်မပြတ်သုံးရက် ပတ်လုံးမစားမသောက်ဘဲနေကြပါစေ။ ကျွန်မနှင့်ကျွန်မ၏အပျိုတော်တို့သည် လည်းအစာရှောင်ကြပါမည်။ ထိုနောက်တရား ဥပဒေကူးလွန်၍သေဒဏ်ခံရစေကာမူ မင်းကြီးထံသို့ကျွန်မဝင်ပါမည်'' ဟုပြန် ကြားလိုက်၏။
အို မိုးကောင်းကင်၊သီချင်းဆိုလော့။ အို ကမ္ဘာမြေကြီး၊ ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုကြလော့။ တောင်ရိုးတို့သည်အသံလွှင့်၍သီချင်းဆိုကြစေ။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား နှစ်သိမ့်မှုကိုပေးတော်မူလိမ့်မည်။ ကိုယ်တော်သည်ဆင်းရဲဒုက္ခရောက်လျက် ရှိသော မိမိ၏လူမျိုးတော်အားသနားတော်မူလိမ့်မည်။
သူ့အားဒုက္ခဆင်းရဲအပေါင်းမှကယ်နုတ်တော် မူ၏။ ဘုရားသခင်သည်ယောသပ်အား အီဂျစ် ပြည့်ရှင်ဖာရောဘုရင်၏ရှေ့တော်တွင်မျက်နှာ ပွင့်လန်းစေတော်မူ၏။ သူ့အားလည်းဉာဏ်ပညာ ကိုပေးတော်မူ၏။ ဖာရောဘုရင်သည်သူ့ကို အီဂျစ်ပြည်ဘုရင်ခံအဖြစ်ဖြင့်လည်းကောင်း၊ နန်းတော်ဝန်အဖြစ်ဖြင့်လည်းကောင်းခန့်ထား တော်မူလေသည်။-
သို့ရာတွင်ဘုရားသခင်သည်ငါ့ကိုကရုဏာ ထားတော်မူ၏။ ယင်းသို့ထားတော်မူခြင်းမှာ နောင်အခါ၌ခရစ်တော်ကိုယုံကြည်ကာ ထာဝရအသက်ရရှိကြမည့်သူတို့ အတွက်ပုံစံဖြစ်စေရန် ခရစ်တော်ယေရှု သည်ခပ်သိမ်းသောခန္တီတော်ကိုအပြစ်ကူး သူတို့တွင် အဆိုးဆုံးဖြစ်သူငါ့အား ပြတော်မူသောကြောင့်ပင်ဖြစ်သတည်း။-