Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 42:5

Common Language Bible

ခါ​နာန်​ပြည်​တစ်​ပြည်​လုံး​တွင်​အစာ​ခေါင်း​ပါး​ခြင်း ကပ်​ဆိုက်​လျက်​ရှိ​သ​ဖြင့် ယာ​ကုပ်​၏​သား​တို့​သည် အ​ခြား​သော​စ​ပါး​ဝယ်​ရန်​သွား​သူ​တို့​နှင့်​အ​တူ အီ​ဂျစ်​ပြည်​သို့​သွား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ခါ​နာန်​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး ဆိုက်​ရောက်​၍ အ​ခြေ​အ​နေ​ဆိုး​ရွား​လာ​သ ဖြင့်​အာ​ဗြံ​သည် အီ​ဂျစ်​ပြည်​၌​ခေတ္တ​နေ​ထိုင် ရန်​တောင်​ဘက်​သို့​ခ​ရီး​ထွက်​ခဲ့​လေ​သည်။-

ထို​ပြည်​တွင်​အာ​ဗြ​ဟံ​လက်​ထက်​က​ကဲ့​သို့ အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ဆိုက်​ရောက်​လာ​ရာ ဣ​ဇာက်​သည်​ဖိ​လိတ္တိ​ဘု​ရင်​အ​ဘိ​မ​လက် နန်း​စိုက်​ရာ​ဂေ​ရာ​မြို့​သို့​သွား​လေ​၏။-

ထို​နောက်​ယော​သပ်​ပြော​ခဲ့​သည့်​အ​တိုင်း​အ​စာ ခေါင်း​ပါး​သော​ခု​နစ်​နှစ်​ကပ်​ဆိုက်​ရောက်​လာ​လေ ၏။ အ​ခြား​သော​တိုင်း​ပြည်​အ​သီး​သီး​တို့​တွင် လည်း​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ကျ​ရောက်​လျက် ရှိ​သည်။ သို့​ရာ​တွင်​အီ​ဂျစ်​ပြည်​၌​ရိက္ခာ​ရှိ​လျက် ပင်။-

ကမ္ဘာ​အ​ရပ်​ရပ်​တွင်​လည်း​အ​စာ​ခေါင်း​ပါး ခြင်း​ကပ်​ဆိုက်​လျက်​ရှိ​သ​ဖြင့် အ​ပြည်​ပြည် မှ​လူ​တို့​သည်​ယော​သပ်​ထံ​သို့​စပါး​ဝယ်​ရန် လာ​ရောက်​ကြ​ကုန်​၏။

ဒါ​ဝိဒ်​နန်း​စံ​ချိန်​အ​တွင်း​၌​သုံး​နှစ်​ပတ်​လုံး အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ကြီး​ဆိုက် ရောက်​လာ​၏။ သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​စုံ​စမ်း​လျှောက်​ထား​ရာ​ထာ​ဝ​ရ ဘု​ရား​က``ရှော​လု​သည်​ဂိ​ဗောင်​မြို့​မှ​လူ​တို့ အား​ကွပ်​မျက်​ခဲ့​သည့်​အ​တွက် သူ​နှင့်​သူ​၏ မိ​သား​စု​တွင်​လူ​သတ်​မှု​အ​ပြစ်​ရှိ​သ​ဖြင့် ဤ​ဘေး​ဆိုး​ကျ​ရောက်​လာ​ခြင်း​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။-

ထို​သူ​တို့​အ​နက်​အာ​ဂ​ဗု​နာ​မည်​ရှိ​သော​သူ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နှိုး​ဆော်​ချက်​အ​ရ ထ​၍ ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင်​အ​စား​အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ကြီး​သင့်​လိမ့်​မည်​ဟု ဟော​ပြော​လေ​၏။ (ဧ​က​ရာဇ်​ဘု​ရင်​က​လော​ဒိ လက်​ထက်​၌ အ​ကယ်​ပင်​ဤ​သို့​ငတ်​မွတ်​ခေါင်း ပါး​ခဲ့​သ​တည်း။)-

အီ​ဂျစ်​ပြည်​နှင့်​ခါ​နန်​ပြည်​တို့​တွင် အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက်​သ​ဖြင့် အ​တိ​ဒုက္ခ​ရောက်​ကြ​ကုန်​၏။ ငါ​တို့​၏​ဘိုး ဘေး​တို့​မှာ​အ​စာ​ရေ​စာ​မ​ရှိ​ကြ​တော့ ချေ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ