Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 42:37

Common Language Bible

ထို​အ​ခါ​ရု​ဗင်​က​အ​ဖ​အား``ဗင်္ယာ​မိန်​ကို အ​ဖ​ထံ​သို့​ကျွန်​တော်​ပြန်​၍​မ​ခေါ်​နိုင်​ခဲ့ လျှင် ကျွန်​တော်​၏​သား​နှစ်​ယောက်​သေ​ဒဏ်​ခံ ရ​ပါ​စေ။ သူ့​အ​တွက်​ကျွန်​တော်​တာ​ဝန်​ယူ ပါ​မည်။ အဖ​ထံ​သို့​သူ့​ကို​ကျွန်​တော်​အ​ရောက် ပြန်​လည်​ခေါ်​ဆောင်​ခဲ့​ပါ​မည်'' ဟု​ပြော​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​အ​ဖ​က``သင်​တို့​သည်​ငါ့​သား​များ​ကို တစ်​ယောက်​ပြီး​တစ်​ယောက်​ဆုံး​ပါး​စေ​တော့ မည်​လော။ ယော​သပ်​လည်း​မ​ရှိ။ ရှိ​မောင်​လည်း မ​ရှိ။ ယ​ခု​ဗင်္ယာ​မိန်​ကို​ခေါ်​ဆောင်​သွား​ကြ ဦး​မည်​လော။ ငါ​၌​အ​တိ​ဒုက္ခ​ရောက်​ရ​ပါ သည်​တ​ကား'' ဟု​ဆို​လေ​၏။

သို့​ရာ​တွင်​ယာ​ကုပ်​က``ငါ့​သား​ကို​သင်​တို့​နှင့် အ​တူ​မ​လွှတ်​နိုင်။ သူ​၏​အစ်ကို​သေ​ဆုံး​ပြီ​ဖြစ် ၍​သူ​တစ်​ယောက်​တည်း​ကျန်​ရစ်​သည်။ ငါ​သည် အ​သက်​အ​ရွယ်​အို​မင်း​ပါ​ပြီ။ အ​ကယ်​၍​ခ​ရီး လမ်း​တွင်​သူ​သည်​ဘေး​ဥ​ပဒ်​နှင့်​တွေ့​ကြုံ​ရ သော် ငါ​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​သေ ရ​ပါ​မည်'' ဟု​ဆို​လေ​၏။

ကျွန်​တော်​သည်​သူ​ငယ်​အ​တွက်​အာ​မ​ခံ​ပါ မည်။ သူ့​အ​တွက်​တာ​ဝန်​ယူ​ပါ​မည်။ သူ​ငယ် ကို​အ​ဖ​ထံ​သို့​ဘေး​ကင်း​လုံ​ခြုံ​စွာ​ပြန်​၍ မ​ခေါ်​ဆောင်​ခဲ့​လျှင် ကျွန်​တော်​သည်​တစ်​သက် လုံး​အ​ပြစ်​တင်​ခံ​ရ​ပါ​စေ။-

ရု​ဗင်​၏​သား​များ​ဖြစ်​ကြ​သော ဟာ​နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ၊ ကာ​မိ၊-

ငါ​သည်​သိုး​ထောင်​ပေါင်း​များ​စွာ​ကို​သော် လည်း​ကောင်း၊ သံ​လွင်​ဆီ​ကို​ချောင်း​စီး​အောင် သော်​လည်း​ကောင်း​ယူ​ဆောင်​ခဲ့​လျှင် ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​မည်​လော၊ ငါ​၏ အ​ပြစ်​ပြေ​စေ​ရန်​ကိုယ်​တော်​အား ငါ​၏ သား​ဦး​ကို​ဆက်​သ​ရ​မည်​လော၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ