ထိုကြောင့်ယောသပ်၏အစ်ကိုတစ်ကျိပ်တို့သည် စပါးဝယ်ရန်အီဂျစ်ပြည်သို့ထွက်ခွာသွားကြ၏။-
ထိုအခါသူတို့က``ကိုယ်တော်၏ကျွန်တို့သည် ခါနာန်ပြည်၌နေထိုင်သောတစ်ယောက်တည်း သောသူ၏ သားတစ်ကျိပ်နှစ်ယောက်ဖြစ်ကြပါ သည်။ ညီတစ်ယောက်သေဆုံး၍ညီအငယ်ဆုံး သည် ယခုဖခင်နှင့်အတူကျန်ရစ်ခဲ့ပါသည်'' ဟုလျှောက်ကြ၏။
အီဂျစ်ပြည်၌စပါးရှိကြောင်းငါကြားရသည်။ ငါတို့အစာငတ်၍မသေကြစေရန်သင်တို့ ထိုပြည်သို့သွား၍စပါးဝယ်ကြလော့'' ဟု စေခိုင်းလေ၏။-
ယာကုပ်သည်ယောသပ်၏ညီရင်းဗင်္ယာမိန်ကို ကား ဘေးရောက်မည်စိုးရိမ်သောကြောင့်အစ်ကို များနှင့်အတူမစေလွှတ်ချေ။
ခါနာန်ပြည်တစ်ပြည်လုံးတွင်အစာခေါင်းပါးခြင်း ကပ်ဆိုက်လျက်ရှိသဖြင့် ယာကုပ်၏သားတို့သည် အခြားသောစပါးဝယ်ရန်သွားသူတို့နှင့်အတူ အီဂျစ်ပြည်သို့သွားကြ၏။-