Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 42:24

Common Language Bible

ထို​နောက်​ယော​သပ်​သည်​သူ​တို့​ထံ​မှ​ထွက်​သွား​၍ ငို​ကြွေး​လေ​၏။ သူ​သည်​ဣန္ဒြေ​ဆည်​နိုင်​သော​အ​ခါ သူ​တို့​ထံ​ပြန်​၍ သူ​တို့​အ​နက်​ရှိ​မောင်​ကို​ရွေး ထုတ်​လျက်​သူ​တို့​၏​ရှေ့​တွင်​ချည်​နှောင်​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သုံး​ရက်​မြောက်​သော​နေ့​၌​မြို့​သား တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကြောင့်​ဝေ​ဒ​နာ ခံ​နေ​ရ​စဉ် ယာ​ကုပ်​၏​သား​များ​ဖြစ်​ကြ​သော ဒိ​န​၏​အစ်​ကို​ရှိ​မောင်​နှင့်​လေ​ဝိ​တို့​သည်​ဋ္ဌား ကို​စွဲ​ကိုင်​လျက် မြို့​တွင်း​သို့​အ​မှတ်​မ​ထင်​ဝင် ရောက်​ပြီး​လျှင်​ယောကျာ်း​ရှိ​သ​မျှ​တို့​ကို​သတ် လေ​၏။-

သူ​တို့​အ​ချင်း​ချင်း​ပြော​ဆို​သ​မျှ​ကို​ယော​သပ် နား​လည်​၏။ ယော​သပ်​သည်​သူ​တို့​နှင့်​ပြော​ဆို​ရာ တွင်​စ​ကား​ပြန်​ကို​အ​သုံး​ပြု​သော​ကြောင့် သူ တို့​အ​ချင်း​ချင်း​ပြော​ဆို​သ​မျှ​ကို​သူ​နား လည်​မည်​မ​ဟုတ်​ဟု​သူ​တို့​ထင်​မှတ်​ကြ​၏။

ထို​သူ​သည်​ဗင်္ယာ​မိန်​နှင့်​ရှိ​မောင်​တို့​ကို​သင်​တို့ အား​ပြန်​အပ်​စေ​ရန် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်​ထို​သူ​၏​စိတ်​ကို​ပြု​ပြင်​ပေး​တော် မူ​ပါ​စေ​သော။ အ​ကယ်​၍​ငါ​သည်​သား​တို့ ကို​ဆုံး​ရှုံး​ရ​မည်​ဆို​လျှင်​ဆုံး​ရှုံး​ရ​မည်​သာ ဖြစ်​သည်'' ဟု​ဆို​၏။

အိမ်​တော်​ဝန်​က``သင်​တို့​မ​စိုး​ရိမ်​ကြ​နှင့်။ မ ကြောက်​ကြ​နှင့်။ သင်​တို့​ဘု​ရား၊ သင်​တို့​အ​ဖ ၏​ဘု​ရား​သည်​စ​ပါး​အိတ်​များ​ထဲ​၌​သင်​တို့ အ​တွက် ထို​ငွေ​ကို​ထည့်​ခြင်း​ဖြစ်​ရ​မည်။ သင် တို့​ထံ​မှ​စပါး​ဖိုး​ငွေ​ကို​ကျွန်ုပ်​လက်​ခံ​ရ​ရှိ ပြီး​ဖြစ်​သည်'' ဟု​ဆို​လေ​၏။ ထို​နောက်​သူ​သည် ရှိ​မောင်​ကို​သူ​တို့​ထံ​သို့​ခေါ်​ထုတ်​ခဲ့​လေ​သည်။

ယော​သပ်​သည်​ညီ​ကို​မြင်​ရ​သ​ဖြင့်​ကြင်​နာ သော​စိတ်​ရှိ​၍ မျက်​ရည်​မ​ဆည်​နိုင်​သော​ကြောင့် မိ​မိ​၏​အ​ခန်း​တွင်း​သို့​ဝင်​၍​ငို​ကြွေး​လေ​၏။-

ယော​သပ်​သည်​မိ​မိ​၏​စိတ်​ခံ​စား​ချက်​ကို​မ​ချုပ် တီး​နိုင်​သ​ဖြင့် သူ​၏​အ​မှု​ထမ်း​တို့​အား​လုံး​ကို အ​ခန်း​တွင်း​မှ​ထွက်​သွား​ရန်​အ​မိန့်​ပေး​သည်။ ထို့ ကြောင့်​ယော​သပ်​သည်​သူ​၏​ညီ​အစ်​ကို​တို့​အား မိ​မိ​၏​ဇာ​တိ​ကို​ထုတ်​ဖော်​ပြော​သည့်​အ​ခါ​၌ အ​ခြား​မည်​သူ​တစ်​ယောက်​မျှ​သူ​နှင့်​အ​တူ မ​ရှိ​ချေ။-

သို့​ရာ​တွင်​သူ​၏​ကျယ်​လောင်​စွာ​ငို​ကြွေး​သံ​ကို အီ​ဂျစ်​အ​မျိုး​သား​တို့​ကြား​ရ​၏။ ထို​သို့​ငို ကြွေး​သည့်​သ​တင်း​သည်​ဖာ​ရော​ဘု​ရင်​နန်း တော်​သို့​တိုင်​အောင်​ပေါက်​ကြား​လေ​၏။-

သူ​တို့​ကို​ကယ်​တင်​သူ​မှာ​ကောင်း​ကင်​တ​မန် မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တိုင်​ဖြစ်​တော် မူ​၏။ ကိုယ်​တော်​သည်​မေတ္တာ​က​ရု​ဏာ​တော် ရှိ​သည့်​အ​တိုင်း​သူ​တို့​အား​ကယ်​တင်​တော် မူ​၏။ အ​တိတ်​ကာ​လ​၌​ကိုယ်​တော်​သည်​သူ တို့​အား​အ​စဉ်​အ​မြဲ​ကြည့်​ရှု​စောင့်​ရှောက် တော်​မူ​ခဲ့​သော်​လည်း၊-

ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့​ရောက် ၍ ထို​မြို့​ကို​မြင်​တော်​မူ​လျှင်​ငို​ကြွေး​တော်​မူ​၏။-

ဝမ်း​မြောက်​သူ​တို့​နှင့်​အ​တူ​ဝမ်း​မြောက်​ကြ လော့။ ငို​ကြွေး​သူ​တို့​နှင့်​အ​တူ​ငို​ကြွေး​ကြ လော့။-

အ​ကယ်​၍​ကိုယ်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​က ဝေ​ဒ​နာ​ခံ​ရ​လျှင်​အခြား​အ​စိတ်​အ​ပိုင်း​များ သည်​လည်း​အ​တူ​ခံ​ရ​ကြ​၏။ ကိုယ်​အင်္ဂါ​အ​စိတ် အ​ပိုင်း​တစ်​ခု​က​ချီး​မွမ်း​ခြင်း​ခံ​ရ​လျှင် အ​ခြား​အ​စိတ်​အ​ပိုင်း​များ​သည်​လည်း​အ​တူ ဝမ်း​မြောက်​ရ​ကြ​၏။

ငါ​တို့​၏​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​ငါ​တို့​၏ အား​နည်း​ချက်​များ​အ​တွက်​မ​ကြင်​နာ​နိုင်​သူ မ​ဟုတ်။ ငါ​တို့​နည်း​တူ​စုံ​စမ်း​သွေး​ဆောင်​ခြင်း အ​မျိုး​မျိုး​ကို​ခံ​ခဲ့​ရ​သူ​ဖြစ်​တော်​မူ​၏။ သို့ ရာ​တွင်​ကိုယ်​တော်​သည်​အ​ပြစ်​ဒု​စ​ရိုက်​နှင့် ကင်း​လွတ်​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ