ဘုရင်သည်တစ်ဖန်အိပ်ပျော်၍အိပ်မက်မက် ပြန်၏။ အိပ်မက်ထဲတွင်စပါးပင်တစ်ပင်တည်း မှအဆန်အောင်၍ ဝင်းမှည့်နေသောစပါးနှံ ခုနစ်နှံတို့ထွက်လျက်ရှိ၏။-
တစ်ည၌ထောင်ထဲတွင်ဖလားတော်ဆက်ဝန် နှင့်စားတော်ဆက်ဝန်တို့သည် သီးခြားအနက် ပါရှိသောအိပ်မက်များကိုမြင်မက်ကြလေ သည်။-
ထိုနောက်နွားပိန်တို့ကဝဖြိုးသောနွားမခုနစ် ကောင်ကိုမျိုလိုက်ကြ၏။ ထိုအချိန်၌ဘုရင် အိပ်ရာမှနိုးလေ၏။-
ထိုနောက်အလုံးသေး၍သဲကန္တာရလေပူ ဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံ တို့လည်းထွက်လာကြ၏။-
သူတို့၏ဆိတ်များနွားများမှနို့လှိုင်လှိုင် ထွက်၏။ မျိုးအကောင်းဆုံးသိုးဆိတ်နွားများကိုပိုင်၍ မျိုးအသန့်ဆုံးဂျုံနှင့်အကောင်းဆုံးစပျစ် ရည်ကို စားသုံးရကြ၏။