ကမ္ဘာဦး 41:43Common Language Bibleထို့နောက်ဒုတိယရထားတော်ကိုယောသပ်စီး ၍ သူ၏ကိုယ်ရံတော်တို့ကရထားရှေ့ကသွား လျက်``လမ်းဖယ်ကြ၊ လမ်းဖယ်ကြ'' ဟုအော်ဟစ် ကြ၏။ ထိုသို့ဖြင့်ယောသပ်သည်အီဂျစ်တစ် ပြည်လုံးကိုအုပ်ချုပ်ရသောဘုရင်ခံအဖြစ် ခန့်အပ်ခြင်းကိုခံရလေသည်။- အခန်းကိုကြည့်ပါ။ |
ယုဒအမျိုးသားမော်ဒကဲသည်ဇေရဇ်ဘုရင် ပြီးလျှင် နိုင်ငံတော်တွင်တန်ခိုးအကြီးဆုံး သောသူဖြစ်၏။ သူသည်ယုဒအမျိုးသား တို့၏ချစ်ခင်ကြည်ညိုရိုသေလေးစားမှုကို ခံရလေသည်။ သူသည်မိမိလူမျိုး၏အ ကျိုးနှင့် သူတို့၏သားမြေးများ၏လုံခြုံမှု အတွက်ဆောင်ရွက်ခဲ့သောသူဖြစ်ပေသည်။ ဧသတာဝတ္ထုပြီး၏။
ထိုနောက်မင်းကြီးသည်ဒံယေလအားကြီး မြင့်သောရာထူးဖြင့်ချီးမြှင့်တော်မူပြီး လျှင် အဖိုးတန်ဆုတော်လာဘ်တော်အမြောက် အမြားကိုပေးအပ်ကာဗာဗုလုန်နိုင်ငံရှိ အတိုင်ပင်ခံအရာရှိအပေါင်းတို့၏ခေါင်း ဆောင်အဖြစ်ဖြင့်လည်းကောင်း၊ ဗာဗုလုန် ပြည်နယ်ကိုအုပ်စိုးရသောမင်းအဖြစ် ဖြင့်လည်းကောင်းခန့်ထားတော်မူ၏။-
သူ့အားဒုက္ခဆင်းရဲအပေါင်းမှကယ်နုတ်တော် မူ၏။ ဘုရားသခင်သည်ယောသပ်အား အီဂျစ် ပြည့်ရှင်ဖာရောဘုရင်၏ရှေ့တော်တွင်မျက်နှာ ပွင့်လန်းစေတော်မူ၏။ သူ့အားလည်းဉာဏ်ပညာ ကိုပေးတော်မူ၏။ ဖာရောဘုရင်သည်သူ့ကို အီဂျစ်ပြည်ဘုရင်ခံအဖြစ်ဖြင့်လည်းကောင်း၊ နန်းတော်ဝန်အဖြစ်ဖြင့်လည်းကောင်းခန့်ထား တော်မူလေသည်။-