Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 41:41

Common Language Bible

ယ​ခု​ငါ​သည်​သင့်​အား​အီ​ဂျစ်​တစ်​ပြည်​လုံး ကို​အုပ်​စိုး​ရ​သော​ဘု​ရင်​ခံ​အ​ဖြစ်​ခန့်​အပ်​သည်'' ဟု​မိန့်​မြွက်​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထောင်​မှူး​သည်​ယော​သပ်​အား​အ​ခြား​သော​အ​ကျဉ်း သား​အား​လုံး​တို့​ကို​အုပ်​ထိန်း​ကွပ်​ကဲ​ရန်​နှင့် ထောင် ထဲ​တွင်​ရှိ​သ​မျှ​ကိစ္စ​တို့​ကို​စီ​မံ​ရန်​တာ​ဝန်​လွှဲ အပ်​ထား​လေ​သည်။-

ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ထာ​ဝ​ရ​ဘု​ရား​သည် ယော​သပ်​ကြောင့် ထို​အီ​ဂျစ်​အ​မျိုး​သား​၏​အိမ် ထောင်​ကို​လည်း​ကောင်း၊ သူ​၏​အိမ်​စီး​ပွား​နှင့်​လယ် ယာ​စီး​ပွား​တို့​ကို​လည်း​ကောင်း၊ ကောင်း​ချီး​ပေး တော်​မူ​၏။-

ထို​နောက်​ဖာ​ရော​ဘု​ရင်​က​ယော​သပ်​အား``ငါ သည်​ဖာ​ရော​ဘု​ရင်​ဖြစ်​၏။ အီ​ဂျစ်​တစ်​ပြည် လုံး​တွင်​သင်​၏​ခွင့်​ပြု​ချက်​မ​ရ​ဘဲ​နှင့်​အ​ဘယ် သူ​မျှ​လက်​ခြေ​ကို​မ​ကြွ​ရ'' ဟု​မိန့်​တော်​မူ​၏။-

အီ​ဂျစ်​ပြည်​ဘု​ရင်​ခံ​ဖြစ်​သူ​ယော​သပ်​သည် အ​ပြည် ပြည်​မှ​စ​ပါး​ဝယ်​လာ​သော​သူ​တို့​အား​စပါး​ရောင်း ချ​လျက်​ရှိ​၏။ ယော​သပ်​၏​အစ်​ကို​တို့​သည်​လည်း ရောက်​ရှိ​လာ​ကြ​၍​ယော​သပ်​၏​ရှေ့​မှောက်​တွင် ပျပ်​ဝပ်​ကြ​လေ​၏။-

သို့​ဖြစ်​၍​သင်​တို့​သည်​ကျွန်ုပ်​အား​ဤ​အ​ရပ်​သို့ စေ​လွှတ်​လိုက်​ခြင်း​မ​ဟုတ်၊ ဘု​ရား​သ​ခင်​က​စေ လွှတ်​တော်​မူ​ခြင်း​ပင်​ဖြစ်​သည်။ ဘု​ရား​သ​ခင် သည်​ကျွန်ုပ်​ကို​ဤ​တိုင်း​ပြည်​၏​ဘုရင်​ခံ​အ​ရာ​၌ ခန့်​ထား​တော်​မူ​ပြီ။ ကျွန်ုပ်​သည်​အီ​ဂျစ်​ပြည် တစ်​ပြည်​လုံး​ကို​အုပ်​ချုပ်​ရ​သူ​ဖြစ်​၏။

ယု​ဒ​အ​မျိုး​သား​မော်​ဒ​ကဲ​သည်​ဇေ​ရဇ်​ဘု​ရင် ပြီး​လျှင် နိုင်​ငံ​တော်​တွင်​တန်​ခိုး​အ​ကြီး​ဆုံး သော​သူ​ဖြစ်​၏။ သူ​သည်​ယု​ဒ​အ​မျိုး​သား တို့​၏​ချစ်​ခင်​ကြည်​ညို​ရို​သေ​လေး​စား​မှု​ကို ခံ​ရ​လေ​သည်။ သူ​သည်​မိ​မိ​လူ​မျိုး​၏​အ ကျိုး​နှင့် သူ​တို့​၏​သား​မြေး​များ​၏​လုံ​ခြုံ​မှု အ​တွက်​ဆောင်​ရွက်​ခဲ့​သော​သူ​ဖြစ်​ပေ​သည်။ ဧ​သ​တာ​ဝတ္ထု​ပြီး​၏။

မင်း​ကြီး​သည်​သူ့​အား​တိုင်း​ပြည်​အုပ်​ချုပ်​ရေး တာ​ဝန်​ကို​အပ်​နှင်း​တော်​မူ​၍ တစ်​နိုင်​ငံ​လုံး​၏​ဘု​ရင်​ခံ​အ​ဖြစ်​ဖြင့် ခန့်​ထား​တော်​မူ​၏။

ပညာရှိသောကျွန်သည် အရှက်ခွဲသောသားကို အုပ်စိုး၍ ညီအစ်ကိုတို့နှင့်အတူ အမွေခံတတ်၏။

ဆောင်ရွက်စရာအမှုကိုကြိုးစား၍ ပြီးစီးစေ တတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏ အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏ အမှုတော်ကို ဆောင် ရွက်၏။

ထိုသို့သော သူငယ်သည် ထောင်ထဲကထွက်၍၊ နန်းတော်ပေါ်သို့ရောက်တတ်၏။ ထိုသို့သောရှင်ဘုရင် မူကား၊ အဘအရိပ်အရာနှင့် နန်းထိုင်သော်လည်း၊ ဆင်းရဲခြင်းသို့ ရောက်တတ်၏။

ထို​နောက်​မင်း​ကြီး​သည်​ဒံ​ယေ​လ​အား​ကြီး မြင့်​သော​ရာ​ထူး​ဖြင့်​ချီး​မြှင့်​တော်​မူ​ပြီး လျှင် အ​ဖိုး​တန်​ဆု​တော်​လာဘ်​တော်​အ​မြောက် အ​မြား​ကို​ပေး​အပ်​ကာ​ဗာ​ဗု​လုန်​နိုင်​ငံ​ရှိ အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​အ​ပေါင်း​တို့​၏​ခေါင်း ဆောင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဗာ​ဗု​လုန် ပြည်​နယ်​ကို​အုပ်​စိုး​ရ​သော​မင်း​အ​ဖြစ် ဖြင့်​လည်း​ကောင်း​ခန့်​ထား​တော်​မူ​၏။-

ထို့​နောက်​မ​ကြာ​မီ​ဒံ​ယေ​လ​သည်​အ​ခြား ကြီး​ကြပ်​ရေး​အ​ဖွဲ့​ဝင်​များ​ဘု​ရင်​ခံ​များ ထက်​ပို​၍ အ​ရည်​အ​ချင်း​ကောင်း​မွန်​သူ ဖြစ်​ကြောင်း​သိ​သာ​ထင်​ရှား​လာ​၏။ သူ​သည် အ​လွန်​ပင်​ထူး​ချွန်​သ​ဖြင့် မင်း​ကြီး​သည် သူ့​အား​အင်​ပါ​ယာ​နိုင်​ငံ​တစ်​ခု​လုံး​ကို ကွပ်​ကဲ​အုပ်​ချုပ်​စေ​ရန်​အ​ကြံ​ရှိ​တော် မူ​၏။-

သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အ​နီး​သို့​ကြွ​လာ တော်​မူ​လျက် ``ကောင်း​ကင်​ဘုံ​၌​လည်း​ကောင်း၊ ကမ္ဘာ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း​ရှိ​သ​မျှ​သော​တန်​ခိုး အာ​ဏာ​တို့​ကို​ငါ​ခံ​ယူ​ရ​ရှိ​ထား​လေ​ပြီ။-

သူ့​အား​ဒုက္ခ​ဆင်း​ရဲ​အ​ပေါင်း​မှ​ကယ်​နုတ်​တော် မူ​၏။ ဘု​ရား​သ​ခင်​သည်​ယော​သပ်​အား အီ​ဂျစ် ပြည့်​ရှင်​ဖာ​ရော​ဘု​ရင်​၏​ရှေ့​တော်​တွင်​မျက်​နှာ ပွင့်​လန်း​စေ​တော်​မူ​၏။ သူ့​အား​လည်း​ဉာဏ်​ပ​ညာ ကို​ပေး​တော်​မူ​၏။ ဖာ​ရော​ဘု​ရင်​သည်​သူ့​ကို အီ​ဂျစ်​ပြည်​ဘု​ရင်​ခံ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ နန်း​တော်​ဝန်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ခန့်​ထား တော်​မူ​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ