``သို့ဖြစ်၍ကိုယ်တော်သည်ဉာဏ်ပညာ အမြော်အမြင်ရှိသူတစ်ဦးကိုရွေး၍ တိုင်း ပြည်ကိုအုပ်ချုပ်စေတော်မူပါ။-
ပေါကြွယ်ဝသောနှစ်ခုနစ်နှစ်တွင်ထွက်သမျှ သောကောက်ပဲသီးနှံထဲမှ ငါးပုံတစ်ပုံကို ကောက်ယူသိမ်းဆည်းရန် တစ်ပြည်လုံး၌ကြီး ကြပ်ရေးမှူးများကိုခန့်ထားတော်မူပါ။-
ဘုရင်ကယောသပ်အား``ဘုရားကသင့်အား ဤအမှုအရာတို့ကိုဖွင့်ပြတော်မူသည်ဖြစ် ၍ သင့်ထက်ဉာဏ်ပညာအမြော်အမြင်သာ သူမရှိနိုင်။-
ထိုကြောင့်အရှင်မင်းကြီး၊ အကျွန်ုပ်ပေး သည့်အကြံကိုနာယူတော်မူပါ။ အပြစ် ကူးမှုကိုရပ်စဲ၍တရားသောအမှုကို ပြုတော်မူပါ။ ဆင်းရဲသူတို့အားကရု ဏာထားတော်မူပါ။ ယင်းသို့ပြုပါလျှင် အရှင်သည်စည်းစိမ်ချမ်းသာတိုးပွား တော်မူပါလိမ့်မည်'' ဟုလျှောက်၏။
ညီအစ်ကိုတို့၊ သင်တို့အထဲမှသင်တို့နှစ်သက် သူ လူခုနစ်ယောက်ကိုရွေးချယ်ကြလော့။ ဤ တာဝန်ကိုထမ်းဆောင်စေရန်ထိုသူတို့အား ငါတို့ခန့်ထားမည်။ သူတို့သည်သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ ဉာဏ်ပညာနှင့် လည်းကောင်းပြည့်ဝလျက်အသရေရှိသူ များဖြစ်ရမည်။-
သင်တို့အနွယ်အသီးသီးမှပညာအမြော် အမြင်နှင့် အတွေ့အကြုံရှိသောပ္ဂိုလ်တို့ ကိုရွေးချယ်ပေးကြလော့။ သင်တို့ကိုအုပ်ချုပ် စေရန်သူတို့အားငါခန့်ထားမည်' ဟုပြော ကြားခဲ့သည်။-