ကမ္ဘာဦး 41:30Common Language Bibleထိုနှစ်များလွန်လျှင်အစာခေါင်းပါးသော နှစ်ခုနစ်နှစ်ဆိုက်ရောက်လာပါလိမ့်မည်။ ထို အခါအစားအစာပေါကြွယ်ဝသောနှစ် များကိုလူတို့သတိရကြလိမ့်မည်မဟုတ်။ အစာခေါင်းပါးခြင်းဘေးကြောင့်တစ်ပြည် လုံးပျက်စီးရလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ဂဒ်သည်လာရောက်၍ မိမိအားထာဝရ ဘုရားမိန့်တော်မူသည့်အတိုင်းမင်းကြီး အားတင်ပြလျှောက်ထားပြီးလျှင်``အရှင် မင်းကြီးသုံးနှစ်ပတ်လုံးအစာငတ်မွတ် ခေါင်းပါးမှု၊ သုံးလပတ်လုံးရန်သူတပ် များကိုတိမ်းရှောင်ထွက်ပြေးနေမှု၊ သုံးရက် ပတ်လုံးကပ်ရောဂါကျရောက်မှုတည်းဟူ သောဘေးတို့အနက်အဘယ်ဘေးကိုရွေး ချယ်တော်မူပါမည်နည်း။ အဘယ်သို့ ထာဝရဘုရားအားအကျွန်ုပ်ပြန် ကြားလျှောက်ထားရမည်ကိုစဉ်းစား တော်မူပါ'' ဟုမေးလျှောက်၏။
ဂိလဒ်ပြည်တိရှဘိမြို့သားဧလိယဆိုသူ ပရောဖက်က အာဟပ်မင်းအား``မိုးရွာမည်ဟု ငါမပြောမချင်းလာမည့်နှစ်နှစ်သုံးနှစ်တွင် မိုးခေါင်လိမ့်မည်။ ဆီးနှင်းလည်းကျလိမ့်မည် မဟုတ်ကြောင်း ငါကိုးကွယ်၍အသက်ရှင်တော် မူသောဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍သင့် အားငါဆို၏'' ဟုဆင့်ဆိုလေသည်။
ဧလိရှဲသည်မိမိအသက်ပြန်၍ရှင်စေခဲ့ သည့်ကလေး၏မိခင်၊ ရှုနင်မြို့သူအား``ထာဝရ ဘုရားသည်ခုနစ်နှစ်တိုင်တိုင်တစ်ပြည်လုံးတွင် အစာငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက် စေတော်မူလိမ့်မည်။ သို့ဖြစ်၍သင်သည်သင်၏ မိသားစုနှင့်အတူ အရပ်တစ်ပါးသို့ပြောင်း ရွှေ့နေထိုင်ပါလော့'' ဟုပြောကြားခဲ့၏။-
ပြည်တော်တွင်ကောင်းချီးမင်္ဂလာခံယူလိုသူ မှန်သမျှသည်သစ္စာတော်အရှင်၊ ဘုရားသခင် ၏ကောင်းချီးမင်္ဂလာကိုတောင်းခံကြလိမ့်မည်။ ကျိန်ဆိုပြောဆိုသူမှန်သမျှသည်လည်း သစ္စာတော်အရှင်၊ ဘုရားသခင်၏နာမတော် ကိုတိုင်တည်ကျိန်ဆိုကြလိမ့်မည်။ အတိတ် ကာလကဆင်းရဲဒုက္ခများသည်ကွယ်ပျောက် သွားလိမ့်မည်။ ယင်းတို့ကိုလူတို့သည်မေ့ လျော့သွားကြလိမ့်မည်'' ဟုမိန့်တော်မူ၏။