Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 41:25

Common Language Bible

ထို​အ​ခါ​ယော​သပ်​က``အ​ရှင်​မင်း​ကြီး​မြင် မက်​သော​အိပ်​မက်​နှစ်​ရပ်​တို့​သည်​အ​နက်​တစ် မျိုး​တည်း​ရှိ​ပါ​သည်။ ဘု​ရား​သ​ခင်​က​မိ​မိ ပြု​တော်​မူ​မည့်​အ​မှု​ကို​ကိုယ်​တော်​အား​အ​သိ ပေး​ခြင်း​ဖြစ်​ပါ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​က``ငါ​တို့​တစ်​ယောက်​စီ​အိပ်​မက်​မြင်​မက် ကြ​ပါ​သည်။ သို့​ရာ​တွင်​အိပ်​မက်​၏​အ​နက်​ကို ဖွင့်​ပြ​နိုင်​သူ​မ​ရှိ​ပါ'' ဟု​ဖြေ​ကြ​၏။ ယော​သပ်​က``အိပ်​မက်​၏​အ​နက်​ဖွင့်​ပြ​နိုင်​စွမ်း ကို​ထာ​ဝ​ရ​ဘု​ရား​သာ​ပေး​ပါ​သည်။ သင်​တို့ ၏​အိပ်​မက်​များ​ကို​ကျွန်​တော်​အား​ပြော​ပြ ပါ'' ဟု​ဆို​လေ​၏။

ယော​သပ်​က``အ​ရှင်​မင်း​ကြီး​ကျွန်​တော်​မျိုး​၌ ထို​အ​စွမ်း​မ​ရှိ​ပါ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင် သည်​ကိုယ်​တော်​အား သင့်​မြတ်​သော​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​ဖွင့်​ပြ​ပါ​လိမ့်​မည်'' ဟု​လျှောက် လေ​၏။

ဝ​ဖြိုး​သော​နွား​မ​ခု​နစ်​ကောင်​တို့​သည်​ခု​နစ် နှစ်​ကို​ဆို​လို​ပါ​၏။ အ​ဆန်​အောင်​သော​စပါး​နှံ ခု​နစ်​နှံ​တို့​သည်​လည်း​ခု​နစ်​နှစ်​ကို​ဆို​လို​ပါ ၏။ အိပ်​မက်​တို့​သည်​အ​နက်​တစ်​မျိုး​တည်း​ရှိ ပါ​၏။-

ကျွန်​တော်​မျိုး​သည်​အ​ရှင်​မင်း​ကြီး​အား လျှောက်​ထား​ခဲ့​သည့်​အ​တိုင်း ဘု​ရား​သ​ခင် က​မိ​မိ​ပြု​တော်​မူ​မည့်​အ​မှု​ကို​ကိုယ်​တော် အား​အ​သိ​ပေး​ခြင်း​ဖြစ်​ပါ​သည်။-

ကိုယ်​တော်​သည်​အိပ်​မက်​ကို​နှစ်​ကြိမ်​တိုင် အောင်​မြင်​မက်​ရ​သ​ဖြင့် အ​ဋ္ဌိပ္ပါယ်​မှာ​ဘု​ရား​သ​ခင်​သည်​ဤ​အ​မှု​ကို​ပြ​ဋ္ဌာန်း​ပြီး​ဖြစ် ၍​မ​ကြာ​မီ​စီ​ရင်​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အောင်​ပွဲ​ကို ကြေ​ညာ​တော်​မူ​၍ ကယ်​တင်​နိုင်​သော​တန်​ခိုး​တော်​ကို လူ​မျိုး​တ​ကာ​တို့​အား​ဖော်​ပြ​တော်​မူ​၏။

ကမ္ဘာ​လော​က​တစ်​ခု​လုံး​၌​ငါ​ကဲ့​သို့​သော ဘု​ရား​မ​ရှိ​ကြောင်း သင်​သိ​စေ​ရန်​ယ​ခု​အ​ကြိမ် တွင်​သင်​နှင့်​သင်​၏​မှူး​မတ်​ပြည်​သူ​တို့​အား ငါ ကိုယ်​တိုင်​ကပ်​သင့်​စေ​မည်။-

လူ​မျိုး​တ​ကာ​တို့​အား​တ​ရား​စီ​ရင်​ရာ​သို့ ဆင့်​ခေါ်​ကြ​လော့။ သူ​တို့​၏​အ​ဘယ်​မည်​သော​ဘု​ရား​တို့​သည် အ​နာ​ဂတ်​ဟော​စ​တမ်း​ကို​ထုတ်​နိုင်​ပါ​သ​နည်း။ အ​ဘယ်​မည်​သော​ဘု​ရား​တို့​သည်​ယ​ခု​ဖြစ် ပျက်​ဆဲ အ​မှု​အ​ရာ​များ​ကို​ကြို​တင်​ဟော​ကြား​ခဲ့​ပါ သ​နည်း။ ထို​ဘု​ရား​တို့​သည်​မိ​မိ​တို့​မှန်​ကန်​၍​နေ ကြောင်း အ​ထောက်​အ​ထား​ပြ​နိုင်​ရန်​နှင့် မိ​မိ​တို့​ပြော​ဆို​ခဲ့​သည့်​အ​တိုင်း​ဟုတ်​မှန်​၍ နေ​ပုံ​ကို အ​ကိုး​အ​ကား​ပြ​နိုင်​ရန်၊ အ​သိ​သက်​သေ​များ​ကို​ခေါ်​ဆောင်​ခဲ့​ကြ​ပါ​စေ။

တောင်​ပေါ်​မှ​ကျောက်​တုံး​တစ်​လုံး​သည် အ​လို​အ​လျောက်​ပြုတ်​ထွက်​လာ​ကာ သံ၊ ကြေး​ဝါ၊ ရွှံ့​စေး​သ​ရွတ်၊ ငွေ၊ ရွှေ​တို့​ဖြင့် ပြု​လုပ်​ထား​သော​ရုပ်​တု​ကြီး​အား​ထိ မှန်​သွား​ပုံ​ကို​အ​ရှင်​မြင်​တော်​မူ​ခဲ့​ပါ​၏။ ကြီး​မြတ်​တော်​မူ​သော​ဘုရား​သခင်​သည် အ​ရှင့်​အား နောင်​ဖြစ်​လတ္တံ့​သော​အ​မှု အ​ရာ​တို့​ကို​ဖွင့်​ပြ​တော်​မူ​ခြင်း​ပင် ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ရှင်​မြင်​မက် သည့်​အ​တိုင်း အိပ်​မက်​တော်​ကို​တိ​ကျ စွာ​ဖော်​ပြ​၍ အိပ်​မက်​၏​အ​နက်​အ​မှန် ကို​လည်း​အ​ရှင့်​အား​ဖော်​ပြ​ပြီး​ပါ ပြီ'' ဟု​လျှောက်​၏။

မင်း​ကြီး​က``သင်​သည်​ဤ​လျှို့​ဝှက်​ခက်​ခဲ သော​အ​မှု​တို့​ကို​ဖြေ​ရှင်း​နိုင်​သည်​ဖြစ်​၍ သင်​၏​ဘု​ရား​သ​ခင်​သည်​ဘု​ရား​တ​ကာ တို့​ထက်​ကြီး​မြတ်​တော်​မူ​ပါ​၏။ ဘု​ရင် တ​ကာ​တို့​ကို​အ​စိုး​ရ​သော​အ​ရှင်၊ လျှို့ ဝှက်​ခက်​ခဲ​သော​အ​ရာ​တို့​ကို​ဖွင့်​ပြ​တော် မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏'' ဟု​ဆို​၏။

အ​ကယ်​စင်​စစ်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​အ​ကြံ​တော်​ကို မိ​မိ​၏​ကျွန်​ပ​ရော​ဖက် တို့​အား​မ​ဖော်​ပြ​ဘဲ​မည်​သည့်​အ​မှု​ကို​မျှ ပြု​တော်​မ​မူ။

ထို​အ​ခါ​လယ်​ထဲ​တွင်​ရှိ​သူ​လူ​နှစ်​ယောက်​အ​နက် တစ်​ယောက်​ကို​သိမ်း​ယူ​၍​တစ်​ယောက်​ကို​ထား​ခဲ့ လတ္တံ့။-

သင်​တို့​သည်​သ​တိ​နှင့်​နေ​ကြ​လော့။ ဤ​အ​မှု အ​ရာ​အ​လုံး​စုံ​တို့​မ​ဖြစ်​ပေါ်​မီ​သင်​တို့ အား​ငါ​ကြို​တင်​ဖော်​ပြ​ပြီ။''

သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​သိ​ကျွမ်း​ခြင်း အ​လို့​ငှာ​သင်​တို့​အား​ဉာဏ်​ပ​ညာ​ကို​ပေး​၍ ဘု​ရား​သ​ခင်​ကို​ပေါ်​လွင်​ထင်​ရှား​စေ​မည့် ဝိ​ညာဉ်​တော်​ကို​သင်​တို့​ရ​ရှိ​ကြ​စေ​ရန် ငါ တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ဘု​ရား​သ​ခင်၊ ဘုန်း​ကြီး​သော​အ​ဖ​ခ​မည်း​တော်​ထံ​ငါ လျှောက်​ထား​၏။-

ထာ​ဝ​ရ​ဘု​ရား​က​ယော​ရှု​အား``သူ​တို့ ကို​မ​ကြောက်​နှင့်။ နက်​ဖြန်​နေ့​ဤ​အ​ချိန် သို့​ရောက်​လျှင်​ငါ​သည်​သူ​တို့​အား​လုံး​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လက်​သို့ အ​သေ​အပ်​မည်။ သင်​သည်​သူ​တို့​၏​မြင်း များ​ခြေ​ကြော​ကို​ဖြတ်​၍​စစ်​ရ​ထား များ​ကို​မီး​ရှို့​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-

ထို​နောက်​ရူ​ပါ​ရုံ​တွင်​ကောင်း​ကင်​ဘုံ​တံ​ခါး​ပွင့် လျက်​ရှိ​သည်​ကို​ငါ​မြင်​ရ​၏။ ပ​ထ​မ​အ​ကြိမ် က​ငါ​ကြား​ရ​သော​တံ​ပိုး​ခ​ရာ​သံ​နှင့်​တူ​သည့် အ​သံ​က``ဤ​အ​ရပ်​သို့​တက်​လာ​လော့။ နောင်​ဖြစ် ရ​မည့်​အ​မှု​အ​ရာ​တို့​ကို​ငါ​ပြ​မည်'' ဟု​ငါ့ အား​ဆို​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ