ထိုနောက်အလုံးသေး၍သဲကန္တာရ၏လေပူ ဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံတို့ လည်းထွက်လာကြ၏။-
တစ်ဖန်ငါသည်အိပ်မက်မြင်မက်ပြန်၏။ ထိုအိပ် မက်ထဲတွင်အဆန်အောင်၍ ဝင်းမှည့်သောစပါးနှံ ခုနစ်နှံတို့သည် စပါးပင်တစ်ပင်တည်းမှထွက် လျက်ရှိသည်ကိုငါမြင်ရ၏။-
အလုံးသေးသောစပါးနှံတို့ကအဆန်အောင် သောစပါးနှံတို့ကိုမျိုလိုက်ကြ၏။ ငါ၏အိပ် မက်ကိုမှော်ဆရာတို့အားပြောပြသော်လည်း မည်သူမျှငါ့အားအနက်ကိုဖွင့်မပြနိုင်'' ဟုမိန့်တော်မူ၏။
ထိုနောက်အလုံးသေး၍သဲကန္တာရလေပူ ဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံ တို့လည်းထွက်လာကြ၏။-
ထိုမြို့များတွင်နေထိုင်သူတို့သည်စွမ်းရည် မရှိ၊ ထိတ်လန့်ကြောက်ရွံ့လျက်အရှေ့အရပ်မှ လေပူတိုက်၍ ညှိုးနွမ်းသွားသည့်စားကျက် မြက်၊ အိမ်ခေါင်မိုးပေါ်ရှိပေါင်းပင်များနှင့် တူကြ၏။
ဣသရေလအမျိုးသားတို့သည်ပေါင်း ပင်ကဲ့သို့သန်စွမ်းသော်လည်း၊ ငါသည်သဲ ကန္တာရထဲမှပူပြင်းသောအရှေ့လေကို တိုက်ခတ်စေသဖြင့် သူတို့၏စမ်းချောင်း များနှင့်ရေတွင်းများကိုခန်းခြောက်စေ ပြီးလျှင်အဖိုးတန်ပစ္စည်းမှန်သမျှ ဆုံးရှုံးရလိမ့်မည်။-
သူတို့သည်လေကိုကြဲသဖြင့်မုန်တိုင်းကို ရိတ်သိမ်းရလိမ့်မည်။ လယ်စပါးမရင့်မှည့် လျှင်ဆန်စပါးကိုမရနိုင်။ ထိုလယ်မှဆန် စပါးထွက်သည့်တိုင်အောင်အခြားနိုင်ငံ သားတို့စားသုံးကြလိမ့်မည်။-
ဣသရေလပြည်သားတို့သည်အမြစ် များသွေ့ခြောက်သဖြင့် အသီးမသီးနိုင် သောအပင်နှင့်တူ၏။ သူတို့တွင်သားသမီး များမထွန်းကားစေရ။ အကယ်၍သား သမီးများထွန်းကားခဲ့သည်ရှိသော်သူ တို့၏ရင်သွေးများကိုငါသတ်ပစ်မည်'' ဟုမိန့်တော်မူ၏။