Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 41:14

Common Language Bible

ဘု​ရင်​သည်​ယော​သပ်​ကို​ရှေ့​တော်​သို့​သွင်း​ရန် အ​မိန့်​ပေး​တော်​မူ​သ​ဖြင့် သူ့​အား​အ​ကျဉ်း​ထောင် မှ​ချက်​ချင်း​ထုတ်​ဆောင်​ခဲ့​ကြ​လေ​သည်။ သူ​သည် မုတ်​ဆိတ်​ရိတ်​၍​အ​ဝတ်​လဲ​ပြီး​နောက်​ဘုရင်​ထံ သို့​အ​ခ​စား​ဝင်​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ရှော​လု​၏​မြေး​မေ​ဖိ​ဗော​ရှက်​သည် မင်း​ကြီး​အား​ခ​ရီး​ဦး​ကြို​ပြု​ရန်​လာ​ရောက် ၏။ သူ​သည်​မင်း​ကြီး​ယေ​ရု​ရှ​လင်​မြို့​က​ထွက် ခွာ​သွား​ချိန်​မှ​အ​စ​ပြု​၍ အောင်​မြင်​စွာ​ပြန် လည်​ရောက်​ရှိ​လာ​ချိန်​အ​ထိ မိ​မိ​၏​ခြေ​တို့ ကို​မ​ဆေး၊ မုတ်​ဆိတ်​ကို​မ​ညှပ်၊ အ​ဝတ်​အ​စား ကို​လည်း​မ​လျှော်​မ​ဖွတ်​ဘဲ​နေ​၏။-

သို့​ဖြစ်​၍​ယေ​ခေါ​နိ​သည်​ထောင်​အဝတ်​များ​ကို​လဲ ခွင့်​ရ​လျက် မိ​မိ​အ​သက်​ရှည်​သ​မျှ​ကာ​လ​ပတ် လုံး​မင်း​ကြီး​နှင့်​အ​တူ​ပွဲ​တော်​တည်​ခွင့်​ကို​ရ​ရှိ လေ​သည်။-

ဧ​သ​တာ​သည်​မိ​မိ​အ​စာ​ရှောင်​၍ သုံး​ရက်​မြောက် သော​နေ့​၌​မိ​ဖု​ရား​၏​အ​ဝတ်​တန်​ဆာ​ကို​ဝတ် ဆင်​ကာ ရာ​ဇ​ပလ္လင်​တည်​ရာ​ခန်း​မ​ဆောင်​၏​ရှေ့ ၌​ရှိ​သော​နန်း​တော်​အ​တွင်း​တံ​တိုင်း​သို့​သွား ၍​ရပ်​နေ​လေ​သည်။ မင်း​ကြီး​သည်​အ​ဝင်​ဝ ဘက်​သို့​လှည့်​၍​ထိုင်​လျက်​နေ​၏။-

ထို​အ​ခါ​ဘု​ရင်​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့ ကို အ​လျင်​အ​မြန်​ခေါ်​၍``ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့်​သင်​တို့ ကို​ပြစ်​မှား​မိ​ပါ​ပြီ။-

ထိုသို့သော သူငယ်သည် ထောင်ထဲကထွက်၍၊ နန်းတော်ပေါ်သို့ရောက်တတ်၏။ ထိုသို့သောရှင်ဘုရင် မူကား၊ အဘအရိပ်အရာနှင့် နန်းထိုင်သော်လည်း၊ ဆင်းရဲခြင်းသို့ ရောက်တတ်၏။

ယေ​ရု​ရှ​လင်​မြို့​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု တော်​မူ​သော အ​မှု​တော်​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​ရ​လိမ့်​မည်။ သူ​သည်​မ​င်္ဂ​လာ​ဆောင်​ပွဲ​အ​တွက်​ဝတ်​စား တန်​ဆာ​ဆင်​ထား​သည့်​သ​တို့​သ​မီး​နှင့်​တူ​၏။ ဘု​ရား​သ​ခင်​သည်​သူ့​ကို​ကယ်​တင်​ခြင်း​နှင့် အောင်​မြင်​ခြင်း တို့​ဖြင့်​တန်​ဆာ​ဆင်​ပေး​တော်​မူ​ပါ​၏။

ဇိ​အုန်​မြို့​တွင်​ပူ​ဆွေး​ဝမ်း​နည်း​နေ​သူ​တို့​အား ပူ​ဆွေး​ခြင်း​အ​စား ဝမ်း​မြောက်​ခြင်း​ကို​လည်း​ကောင်း၊ ဝမ်း​နည်း​ခြင်း​အ​စား​ထော​မ​နာ​သီ​ချင်း ကို​လည်း​ကောင်း ပေး​ရန်​ကိုယ်​တော်​သည်​ငါ့​အား​စေ​လွှတ်​တော်​မူ​ပြီ။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ထင်​ရှား​စေ​ရန် ကိုယ်​တော်​တိုင်​စိုက်​တော်​မူ​သော​ဖြောင့်​မတ်​ခြင်း တည်း​ဟူ​သော ဝက်​သစ်​ချ​ပင်​များ​သ​ဖွယ်​စို​ပြေ​ဖွံ့​ဖြိုး​ကြ​လိမ့်​မည်။

ထို​အ​ခါ​အာ​ရုတ်​သည်​ချက်​ချင်း​ပင်​ဒံ​ယေ​လ ကို မင်း​ကြီး​၏​ရှေ့​တော်​သို့​သွင်း​ပြီး​လျှင်​မင်း ကြီး​အား``အ​ကျွန်ုပ်​သည်​ယု​ဒ​အ​မျိုး​သား သုံ့​ပန်း​များ​ထဲ​မှ မင်း​ကြီး​၏​အိပ်​မက်​အ​နက် ကို​ဖော်​ပြ​နိုင်​သူ​ကို​တွေ့​ရှိ​ပါ​ပြီ'' ဟု​လျှောက် လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ