ကျွန်တော်မျိုးတို့နှင့်အတူကိုယ်ရံတော်မှူး ၏ကျွန်ဟေဗြဲလူငယ်တစ်ယောက်ရှိပါသည်။ ကျွန်တော်မျိုးတို့၏အိပ်မက်ကိုသူ့အားပြော ပြ၍သူသည်အိပ်မက်၏အနက်ကိုဖွင့်ပြပါ သည်။-
ထိုအချိန်အတောအတွင်းအီဂျစ်၌မိဒျန် အမျိုးသားတို့သည် ဖာရောဘုရင်၏အရာရှိ တစ်ဦးဖြစ်သူကိုယ်ရံတော်တပ်မှူးပေါတိဖာ ထံ၌ယောသပ်အားရောင်းကြလေသည်။
ဣရှမေလအမျိုးသားတို့သည်ယောသပ်အား အီဂျစ်ပြည်သို့ခေါ်ဆောင်သွား၍ ပြည့်ရှင်ဖာရော ဘုရင်၏ကိုယ်ရံတော်တပ်မှူးပေါတိဖာထံ၌ ရောင်းကြ၏။-
ယောသပ်ကိုဖမ်းဆီးလျက်ဘုရင်၏အမျက်သင့် သူများထားရာထောင်ထဲတွင်အကျဉ်းချထား လေ၏။ ယောသပ်သည်ထောင်ထဲမှာနေရသော်လည်း၊-
ဘုရားသခင်သည်ထိုလူငယ်လူရွယ်လေးယောက်တို့အား စာပေနှင့်အထူးထူးအပြားပြားသောပညာရပ်တို့တွင်တတ်သိကျွမ်းကျင်မှုကိုပေးတော်မူ၏။ ထို့အပြင်လည်းဒံယေလအားဗျာဒိတ်ရူပါရုံနှင့်အိပ်မက်များ၏ အနက်အဋ္ဌိပ္ပါယ်ကိုပြဆိုနိုင်သောစွမ်းရည်ကိုလည်းပေးတော်မူ၏။