Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 40:15

Common Language Bible

စင်​စစ်​အား​ဖြင့်​ကျွန်​တော်​သည်​ဟေ​ဗြဲ​အ​မျိုး သား​တို့​၏​နိုင်​ငံ​မှ​ခိုး​ထုတ်​ခြင်း​ကို​ခံ​ခဲ့​ရ​ပါ သည်။ ဤ​ပြည်​၌​လည်း​ကျွန်​တော်​သည်​အ​ကျဉ်း​ခံ ထိုက်​သည့်​အ​ဘယ်​ပြစ်​မှု​ကို​မျှ​မ​ကူး​လွန်​ခဲ့ ရ​ပါ'' ဟု​ဖလား​တော်​ဆက်​ဝန်​အား​ပြော​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထို​မြို့​သား​တစ်​ယောက်​သည် ရန်​သူ​လက်​မှ​လွတ် မြောက်​ထွက်​ပြေး​လာ​၍​ဟေ​ဗြဲ​အ​မျိုး​သား အာ​ဗြံ​အား အ​ထက်​ပါ​အ​ဖြစ်​အ​ပျက်​အ​ကြောင်း စုံ​ကို​ပြော​ပြ​လေ​၏။ အာ​ဗြံ​သည်​အာ​မော​ရိ အ​မျိုး​သား မံ​ရေ​ပိုင်​သော​သစ်​ပင်​များ​အ​နီး တွင်​နေ​ထိုင်​လျက်​ရှိ​သည်။ မံ​ရေ​နှင့်​သူ​၏​ညီ များ​ဖြစ်​ကြ​သော​ဧ​ရှ​ကော​လ​နှင့် အာ​နေ​ရ တို့​သည်​အာ​ဗြံ​၏​မ​ဟာ​မိတ်​များ​ဖြစ်​ကြ​၏။-

ယော​သပ်​ကို​ဖမ်း​ဆီး​လျက်​ဘု​ရင်​၏​အ​မျက်​သင့် သူ​များ​ထား​ရာ​ထောင်​ထဲ​တွင်​အ​ကျဉ်း​ချ​ထား လေ​၏။ ယော​သပ်​သည်​ထောင်​ထဲ​မှာ​နေ​ရ​သော်​လည်း၊-

စား​တော်​ဆက်​ဝန်​သည်​ဖလား​တော်​ဆက်​ဝန်​၏ အိပ်​မက်​အ​နက်​ကောင်း​သည်​ကို​သိ​မြင်​လျှင် ယော​သပ်​အား``ငါ​လည်း​အိပ်​မက်​မြင်​မက်​သည်။ အိပ်​မက်​ထဲ​၌​ငါ​သည်​မုန့်​တောင်း​သုံး​လုံး​ကို ဦး​ခေါင်း​ပေါ်​တွင်​ရွက်​လာ​၏။-

ကျွန်​တော်​မျိုး​တို့​နှင့်​အ​တူ​ကိုယ်​ရံ​တော်​မှူး ၏​ကျွန်​ဟေ​ဗြဲ​လူ​ငယ်​တစ်​ယောက်​ရှိ​ပါ​သည်။ ကျွန်​တော်​မျိုး​တို့​၏​အိပ်​မက်​ကို​သူ့​အား​ပြော ပြ​၍​သူ​သည်​အိပ်​မက်​၏​အနက်​ကို​ဖွင့်​ပြ​ပါ သည်။-

ယော​သပ်​ကြို​တင်​ဟော​ကြား​သည့်​အ​တိုင်း ဖြစ်​ပျက်​၍​မ​လာ​မီ ယော​သပ်​သည်​ခြေ​ကျင်း​အ​ခတ်​ခံ​ရ​၏။ သူ​၏​လည်​တွင်​လည်း​သံ​လည်​ပတ်​အ​တပ်​ခံ​ရ​၏။ သူ့​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော ဗျာ​ဒိတ်​စ​ကား​အ​တိုင်း​ဖြစ်​ပျက်​လာ​၏။

သူ​ယုတ်​မာ​များ​နှင့်​လူ​လိမ်​များ​သည်​ကျွန်​တော် မျိုး​ကို တိုက်​ခိုက်​ကြ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​၏​အ​ကြောင်း မု​သား​စ​ကား​ပြော​ကြ​ပါ​၏။

``လူ​တစ်​ယောက်​ကို​ရောင်း​စား​ရန်​ဖြစ်​စေ၊ မိ​မိ ထံ​၌​ကျွန်​စေ​စား​ရန်​ဖြစ်​စေ​အ​ဋ္ဌမ္မ​ဖမ်း​ဆီး သူ​အား​သေ​ဒဏ်​ခံ​စေ​ရ​မည်။

ခြင်္သေ့​တို့​သည်​အ​ကျွန်ုပ်​အား​ဘေး​အန္တ​ရာယ် မ​ပြု​နိုင်​စေ​ရန်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏ ကောင်း​ကင်​တ​မန်​ကို​စေ​လွှတ်​၍​ခြင်္သေ့​တို့ ၏​နှုတ်​ကို​ပိတ်​ထား​တော်​မူ​ပါ​၏။ ဤ​ကဲ့​သို့ ပြု​တော်​မူ​ခြင်း​မှာ​အ​ကျွန်ုပ်​၌​အ​ပြစ်​မ ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည် အ​ရှင်​မင်း​ကြီး​အား​မ​ပြစ်​မှား​ခဲ့​ကြောင်း ကို​လည်း​ကောင်း​သိ​တော်​မူ​သော​ကြောင့် ဖြစ်​ပါ​၏'' ဟု​လျှောက်​လေ​၏။

သ​ခင်​ယေ​ရှု​က ``ခ​မည်း​တော်​စေ​ခိုင်း​တော်​မူ သ​ဖြင့် ငါ​သည်​ကောင်း​မြတ်​သော​အ​မှု​များ ကို​ပြု​ခဲ့​၏။ ၎င်း​အ​မှု​များ​အ​နက်​အ​ဘယ် အ​မှု​ကြောင့်​ငါ့​အား​သင်​တို့​ခဲ​နှင့်​ပေါက်​လို ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။

ဤ​သို့​မုန်း​ကြ​ရ​ခြင်း​မှာ​ပ​ညတ်​ကျမ်း​၌ `သူ တို့​သည်​ငါ့​ကို​အ​ကြောင်း​မဲ့​မုန်း​ကြ​၏' ဟူ​၍ ရေး​သား​ဖော်​ပြ​ထား​သည့်​အ​တိုင်း​ဖြစ်​ပျက် ခြင်း​ပင်​တည်း။''

``ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​အား​အ​ဋ္ဌမ္မ ဖမ်း​ဆီး​၍ ကျွန်​စေ​စား​သူ​သို့​မ​ဟုတ်​ကျွန်​အ​ဖြစ် ရောင်း​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဤ​နည်း အား​ဖြင့်​သင်​တို့​သည် ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား နိုင်​လိမ့်​မည်။

အ​ကျင့်​စာ​ရိတ္တ​ပျက်​ပြား​သူ​များ၊ လိင်​တူ ချင်း​ကာ​မ​ဆက်​ဆံ​တတ်​သူ​များ၊ ပြန်​ပေး ဆွဲ​သူ​များ၊ လိမ်​လည်​ပြော​ဆို​တတ်​သူ​များ၊ မ​မှန်​သော​သက်​သေ​ကို​ခံ​တတ်​သူ​များ​နှင့် မှန်​ကန်​သော​အ​ယူ​ဝါ​ဒ​နှင့် ဆန့်​ကျင်​၍​ပြု လုပ်​တတ်​သူ​များ​အ​တွက်​သာ​လျှင် ပြ​ဋ္ဌာန်း ထား​ခြင်း​ဖြစ်​ကြောင်း​ငါ​တို့​သိ​မှတ်​ရ​ကြ ပေ​မည်။-

အ​ကျွန်ုပ်​၏​ခ​မည်း​တော်၊ ဤ​မှာ​ကြည့်​တော် မူ​ပါ။ အ​ကျွန်ုပ်​ကိုင်​ထား​သည့်​အ​ရှင့်​ဝတ်​လုံ​စ ကို​ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​အ​ရှင့် အား​သတ်​ဖြတ်​နိုင်​ခွင့်​ရ​ရှိ​ခဲ့​သော်​လည်း ဤ ဝတ်​လုံ​စ​ကို​သာ​လျှင်​လှီး​ဖြတ်​ခဲ့​ပါ​၏။ အ​ရှင့် အား​ပုန်​ကန်​ရန်​သော်​လည်း​ကောင်း၊ ဘေး​အန္တ​ရာယ် ပြု​ရန်​သော်​လည်း​ကောင်း အ​ကျွန်ုပ်​မ​ကြံ​ရွယ် ကြောင်း​ကို​ဤ​အ​ချက်​အား​ဖြင့် အ​ရှင်​မင်း ကြီး​ကောင်း​စွာ​နား​လည်​သ​ဘော​ပေါက်​သင့် ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ရှင့်​အား​အ​ဘယ်​သို့ မျှ​မ​ပြစ်​မှား​ခဲ့​သော်​လည်း အ​ရှင်​သည် အ​ကျွန်ုပ်​ကို​သတ်​ရန်​လိုက်​လံ​ဖမ်း​ဆီး လျက်​နေ​ပါ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ