ကမ္ဘာဦး 4:5Common Language Bibleသို့ရာတွင်ကာဣနနှင့်သူ၏ပူဇော်သကာကို မူကား နှစ်သက်တော်မမူ။ ထို့ကြောင့်ကာဣန သည်အလွန်ဒေါသထွက်၍မျက်မှောင်ကြုတ် လေ၏။- အခန်းကိုကြည့်ပါ။ |
သူတို့၏မျက်နှာအမူအရာကသူတို့တွင် အပြစ်ရှိကြောင်းဖော်ပြသက်သေခံလျက် ရှိပေသည်။ သောဒုံမြို့မှလူများကဲ့သို့သူ တို့သည်အပြစ်ကိုပေါ်လွင်ထင်ရှားစွာပြု ကြ၏။ သူတို့သည်အမင်္ဂလာရှိကြ၏။ မိမိ တို့ပျက်စီးရာပျက်စီးကြောင်းကိုသူတို့ ကိုယ်တိုင်ပင်ဖန်တီးပေးကြလေပြီ။
အာဗေလသည်ကာဣနပူဇော်သောယဇ် ထက်ပို၍မြတ်သည့်ယဇ်ကို ဘုရားသခင် အားပူဇော်သည်မှာယုံကြည်ခြင်းကြောင့် ဖြစ်၏။ သူ၏ယုံကြည်ခြင်းကိုထောက်၍ ဘုရားသခင်သည် သူ့အားဖြောင့်မတ်သူ အဖြစ်လက်ခံတော်မူ၏။ အဘယ်ကြောင့် ဆိုသော် သူ၏ပူဇော်သကာများကိုနှစ် သက်တော်မူသောကြောင့်ဖြစ်၏။ အာဗေလ သည်သေလွန်သော်လည်း မိမိ၏ယုံကြည် ခြင်းအားဖြင့်ယခုပင်ဟောပြောသေး၏။