ဧနောက်သည်ဣရဒ်ဟုအမည်တွင်သောသားကို ရ၏။ ဣရဒ်၏သားကားမဟုယေလ၊ မဟု ယေလ၏သားကားမသုရှလ၊ မသုရှလ ၏သားကားလာမက်ဖြစ်၏။-
ဧသောသည်ခါနာန်ပြည်အမျိုးသမီးများ နှင့်အိမ်ထောင်ကျသည်။ သူ၏မယားများမှာ ဟိတ္တိအမျိုးသားဧလုန်၏သမီးအာဒ၊ ဟိဝိ အမျိုးသားဇိဘောင်၏သားဖြစ်သူအာန၏ သမီးအဟောလိဗာမ၊ ဣရှမေလ၏သမီး တည်းဟူသော၊-
ကာဣနသည်သူ၏မယားနှင့်ဆက်ဆံသဖြင့် မယား၌ပဋိသန္ဓေစွဲ၍ဧနောက်နာမည်ရှိသား ကိုဖွားမြင်လေ၏။ သူသည်မြို့ကိုတည်၍သား ၏နာမည်ကိုအစွဲပြုလျက် ထိုမြို့ကိုဧနောက် မြို့ဟုမှည့်ခေါ်၏။-
လာမက်သည်အာဒနှင့်ဇိလနာမည်ရှိ မယားနှစ်ယောက်နှင့်စုံဖက်၏။-
ဧနောက်သည်အသက်ခြောက်ဆယ့်ငါးနှစ်ရှိ သောအခါ သားမသုရှလကိုရလေ၏။-
မသုရှလသည်လည်းအသက်တစ်ရာရှစ်ဆယ့် ခုနစ်နှစ်ရှိသောအခါ သားလာမက်ကိုရပြီး နောက်၊-