ကမ္ဘာဦး 4:10Common Language Bibleထာဝရဘုရားက``သင်သည်အဘယ်ကြောင့် ဤဆိုးယုတ်သောအမှုကိုပြုရသနည်း။ သင့် ညီအသွေး၏အသံသည်မြေထဲမှ ငါ့ထံသို့ အော်ဟစ်လျက်ရှိသည်တကား။- အခန်းကိုကြည့်ပါ။ |
သြဒက်အမည်ရှိထာဝရဘုရား၏ပရော ဖက်သည် ရှမာရိမြို့တွင်နေထိုင်၏။ သူသည် တိုက်ပွဲမှပြန်လာသောဣသရေလတပ်မ တော်ကိုမြို့အဝင်ဝမှဆီးကြိုပြီးလျှင်``သင် တို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရ ဘုရားသည်ယုဒပြည်သူတို့ကိုအမျက် ထွက်တော်မူသဖြင့် သင်တို့အားသူတို့ကို နှိမ်နင်းခွင့်ပေးတော်မူ၏။ သို့ရာတွင်သင် တို့သည်မိမိတို့အမျက်ဒေါသကိုမချုပ် တည်းဘဲသုတ်သင်သတ်ဖြတ်မှုကိုပြုခဲ့ ကြ၏။-
ထိုနောက်ထာဝရဘုရားက``ငါ၏လူမျိုး တော်သည် အီဂျစ်ပြည်တွင်ခံရသောဆင်းရဲ ဒုက္ခကိုငါဒိဌတွေ့မြင်ရပြီ။ သူတို့ကိုစေ ခိုင်းသောသခင်တို့၏ညှင်းပန်းခြင်းကိုမခံ မရပ်နိုင်သောကြောင့် သူတို့အော်ဟစ်၍အကူ အညီတောင်းခံသံကိုငါကြားရပြီ။ ငါသည် သူတို့ခံရသောဆင်းရဲခြင်းကိုဧကန်အမှန် သိမြင်ရပြီ။-
ဣသရေလပြည်သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ဥယျာဉ်ဖြစ်၏။ ယုဒပြည်သူတို့မှာကိုယ်တော်စိုက်ပျိုးသည့် စပျစ်ပင်များဖြစ်ကြ၏။ သူတို့သည်သုစရိုက်ကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့ကလူသတ်မှုကို ကူးလွန်ကြလေသည်။ သူတို့သည်ဖြောင့်မှန်ရာကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့၏အနှိပ်အစက်ခံရကြ သူတို့သည် တရားမျှတမှုရရှိရန်အော်ဟစ်လျက် နေကြလေသည်။
ငွေကိုလက်ခံခဲ့လျှင်သင်တို့နေထိုင်ရာပြည် ကိုညစ်ညမ်းစေရာရောက်မည်။ လူသတ်မှုကူး လွန်ခြင်းသည်တိုင်းပြည်ကိုညစ်ညမ်းစေ၏။ သို့ ဖြစ်၍တိုင်းပြည်၌လူတစ်ယောက်အသတ်ခံ ရလျှင် လူသတ်မှုကူးလွန်သူအားသေဒဏ် ပေးခြင်းအားဖြင့်သာလျှင်ထိုပြည်ကိုပြန် လည်သန့်စင်စေနိုင်၏။-
အာဗေလသည်ကာဣနပူဇော်သောယဇ် ထက်ပို၍မြတ်သည့်ယဇ်ကို ဘုရားသခင် အားပူဇော်သည်မှာယုံကြည်ခြင်းကြောင့် ဖြစ်၏။ သူ၏ယုံကြည်ခြင်းကိုထောက်၍ ဘုရားသခင်သည် သူ့အားဖြောင့်မတ်သူ အဖြစ်လက်ခံတော်မူ၏။ အဘယ်ကြောင့် ဆိုသော် သူ၏ပူဇော်သကာများကိုနှစ် သက်တော်မူသောကြောင့်ဖြစ်၏။ အာဗေလ သည်သေလွန်သော်လည်း မိမိ၏ယုံကြည် ခြင်းအားဖြင့်ယခုပင်ဟောပြောသေး၏။