Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 38:29

Common Language Bible

သို့​ရာ​တွင်​ကလေး​သည်​လက်​ကို​ပြန်​ရုပ်​ရာ​အ​ခြား အ​မြွှာ​သား​က​ဦး​စွာ​ဖွား​မြင်​လာ​လေ​သည်။ ထို အ​ခါ​ဝမ်း​ဆွဲ​က``သင်​သည်​နိုင်​လို​မင်း​ထက်​ပြု​၍ ထွက်​လာ​သည်'' ဟု​ဆို​၏။ ထို​ကြောင့်​ထို​က​လေး အား​ဖာ​ရက်​ဟု​နာ​မည်​မှည့်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

မီး​ဖွား​နေ​စဉ်​က​လေး​တစ်​ယောက်​က​လက်​ကို​အ​ပြင် သို့​ဆန့်​ထုတ်​လေ​၏။ ဝမ်း​ဆွဲ​က​ထို​လက်​ကို​ဖမ်း​ကိုင် ၍​ကြိုး​နီ​စ​ချည်​လျက်``ဤ​က​လေး​သည်​သား​ဦး ဖြစ်​သည်'' ဟု​ဆို​၏။-

ယု​ဒ​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော​ရှေ​လ၊ ဖာ​ရက်၊ ဇာ​ရ (ယု​ဒ​၏​အ​ခြား​သား​များ​ဖြစ် ကြ​သော​ဧရ​နှင့်​သြ​နန်​တို့​သည်​ခါ​နာန်​ပြည် ၌​သေ​ဆုံး​ကြ​၏။) ဖာ​ရက်​၏​သား​များ​ဖြစ် ကြ​သော​ဟေ​ဇ​ရုံ​နှင့်​ဟာ​မု​လ။-

ယု​ဒ​သည်​မိ​မိ​၏​ချွေး​မ​နှင့်​ရ​ပြန်​သော သား​နှစ်​ယောက်​မှာ​ဖာ​ရက်​နှင့်​ဇာ​ရ​ဖြစ်​၏။

ယု​ဒ​အ​နွယ်​မှ​အိမ်​ထောင်​စု​ပေါင်း​ခြောက်​ရာ ကိုး​ဆယ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​နေ ထိုင်​ကြ​၏။ ယု​ဒ​၏​သား​ဖာ​ရက်​မှ​ဆင်း​သက်​လာ​သူ​တို့ ၏​ခေါင်း​ဆောင်​မှာ​ဥသဲ​ဖြစ်​၏။ သူ​သည်​အ​မိ ဟုဒ်​၏​သား၊ သြ​မ​ရိ​၏​မြေး​တည်း။ သူ​၏ အ​ခြား​ဘိုး​ဘေး​များ​တွင်​ဣ​မ​ရိ​နှင့် ဗာ​နိ​တို့​ပါ​ဝင်​သည်။ ယု​ဒ​၏​သား​ရှေ​လ​မှ​ဆင်း​သက်​လာ​သူ​တို့ ၏​ခေါင်း​ဆောင်​မှာ​အ​သာ​ယ​ဖြစ်​၏။ သူ​သည် မိ​မိ​၏​အိမ်​ထောင်​ဦး​စီး​ဖြစ်​လေ​သည်။ ယု​ဒ​၏​သား​ဇေ​ရ​မှ​ဆင်း​သက်​လာ​သူ တို့​၏​ခေါင်း​ဆောင်​မှာ​ယွေ​လ​ဖြစ်​၏။

ဖ​ရက်​၏​သား​မြေး​များ​အ​နက်​သူ​ရဲ​ကောင်း လေး​ရာ​ခြောက်​ဆယ်​ရှစ်​ယောက်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​၏။ ယော​ဒ​၏​မြေး၊ မေ​ရှု​လံ​၏​သား​သလ္လု။ သူ ၏​အ​ခြား​ဘိုး​ဘေး​များ​တွင်​ပေ​ဒါ​ယ၊ ကော​လာ​ယ၊ မာ​သေ​ယ၊ ဣ​သေ​လ၊ ယေ​ရှာ​ယ တို့​ပါ​ဝင်​သည်။

ရှေ​လ​၏​သား​ချင်း​စု၊ ဖာ​ရဇ်​၏​သား​ချင်း​စု၊ ဇေ​ရ​၏​သား​ချင်း​စု၊-

ယု​ဒ​နှင့်​တာ​မာ​မှ​ရ​သော​သား​များ​သည်​ဖာ​ရက် နှင့်​ဇာ​ရ၊ ဖာ​ရက်​၏​သား​မှာ​ဟေ​ဇ​ရုံ၊ ဟေ​ဇ​ရုံ ၏​သား​ကား​အာ​ရံ​ဖြစ်​၏။-

နာ​ရှုန်​သည်​အ​မိ​န​ဒပ်​၏​သား၊ အ​မိ​န​ဒပ်​သည် အဒ်​မိန်​၏​သား၊ အဒ်​မိန်​သည်​အာ​ရံ​နိ​၏​သား၊ အာ​ရံ​နိ​သည်​ဟေ​ဇ​ရုံ​၏​သား၊ ဟေ​ဇ​ရုံ​သည် ဖာ​ရက်​၏​သား၊ ဖာ​ရက်​သည်​ယု​ဒ​၏​သား​ဖြစ်​၏။-

ဤ​အ​မျိုး​သ​မီး​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​သား​သ​မီး​များ​သည် ယု​ဒ နှင့်​တာ​မာ​တို့​၏​သား​ဖာ​ရက်​၏​အိမ်​ထောင် စု​ဝင်​များ​ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော'' ဟု ဆို​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ