Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 38:12

Common Language Bible

ကာ​လ​အ​တန်​ကြာ​လေ​သော်​ယု​ဒ​၏​မ​ယား ရှု​အာ​ကွယ်​လွန်​လေ​၏။ ယု​ဒ​သည်​မ​ယား​အ​တွက် ငို​ကြွေး​မြည်​တမ်း​ရာ​နေ့​ရက်​ပြီး​ဆုံး​သော​အ​ခါ မိ​မိ​မိတ်​ဆွေ​အ​ဒု​လံ​အ​မျိုး​သား​ဟိ​ရ​နှင့် အ​တူ​မိ​မိ​၏​သိုး​များ​ကို​အ​မွေး​ညှပ်​ရန် တိ​မ​နတ်​မြို့​သို့​သွား​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဣ​ဇာက်​သည်​မိ​မိ​၏​အ​မိ​စာ​ရာ​နေ ထိုင်​ခဲ့​သော​တဲ​ထဲ​သို့​ရေ​ဗက္က​ကို​ခေါ်​ဆောင် သွား​၍​အ​ကြင်​လင်​မ​ယား​ဖြစ်​လာ​ကြ​၏။ ဣ​ဇာက်​သည်​ရေ​ဗက္က​ကို​ချစ်​မြတ်​နိုး​၏။ ထို့ ကြောင့်​သူ​၏​မိ​ခင်​ကွယ်​လွန်​၍​ဝမ်း​နည်း ကြေ​ကွဲ​ရာ​မှ​စိတ်​သက်​သာ​ရာ​ရ​လေ​သည်။

လာ​ဗန်​သည်​သူ​၏​သိုး​များ​ကို​အ​မွေး​ညှပ် ရန်​သွား​နေ​ချိန်​ဖြစ်​ရာ အိမ်​တွင်​သူ​မ​ရှိ​ခိုက် ရာ​ခေ​လ​သည်​ဖ​ခင်​၏​ဘု​ရား​ရုပ်​တု​များ ကို​ခိုး​ယူ​ခဲ့​လေ​သည်။-

၎င်း​အ​ချိန်​လောက်​တွင်​ယု​ဒ​သည်​သူ​၏​ညီ​အစ် ကို​တို့​ထံ​မှ​ထွက်​ခွာ​၍ အ​ဒု​လံ​မြို့​သား​ဟိ​ရ ထံ​၌​သွား​ရောက်​နေ​ထိုင်​လေ​၏။-

မင်း​ကြီး​သည်​သေ​ဆုံး​သော​အာ​မ​နုန်​ကို အ​လွမ်း​ပြေ​သော​အ​ခါ အ​ဗ​ရှ​လုံ​အား လွမ်း​ဆွတ်​တ​သ​လေ​၏။

ထို​မြို့​မှ​လှည့်​ပြီး​လျှင်​အ​နောက်​တောင်​ကုန်း ဒေ​သ​သို့​ရောက်​၍​ယာ​ရိမ်​တောင်(သို့​မ​ဟုတ် ခေ​သ​လုန်​တောင်) မြောက်​ဘက်​မှ​အောက်​ဘက် ရှိ​ဗက်​ရှေ​မက်​မြို့​သို့​ရောက်​ပြီး​နောက် တိ​မ​နာ​မြို့​ကို​ဖြတ်​၍​သွား​သည်။-

ထို့​အ​ပြင်​ဇေနန်​မြို့၊ ဟ​ဒါ​ရှ​မြို့၊ မိ​ဂ​ဒ​လ ဂဒ်​မြို့၊-ဒိ​လန်​မြို့၊ မိ​ဇ​ပါ​မြို့၊ ယော​က​သေ​လ မြို့၊- လာ​ခိ​ရှ​မြို့၊ ဗော​ဇ​ကတ်​မြို့၊ ဧ​က​လုန်​မြို့၊- ကဗ္ဗုန်၊ လာ​မံ​မြို့၊ ကိ​သ​လိတ်​မြို့၊-

ကာ​ဣ​န​မြို့၊ ဂိ​ဘာ​မြို့​နှင့်​တိ​မ​န​မြို့​စ သော​မြို့​ကြီး​ဆယ်​မြို့​နှင့်​တ​ကွ ပတ်​ဝန်း ကျင်​ရှိ​မြို့​ရွာ​များ​လည်း​ပါ​ဝင်​လေ​သည်။

ဧ​လုန်​မြို့၊ သိ​မ​နာ​သ​မြို့၊ ဧ​ကြုန်​မြို့၊

တစ်​နေ့​သ​၌​ရှံ​ဆုန်​သည်​တိ​မ​န​မြို့​သို့​ရောက် ရှိ​သွား​ရာ ထို​မြို့​တွင်​ဖိ​လိတ္တိ​အ​မျိုး​သ​မီး က​လေး​တစ်​ဦး​ကို​တွေ့​မြင်​လေ​သည်။-

အ​ဘိ​ဂဲ​လ​သည်​လည်း​နာ​ဗ​လ​ထံ​သို့​ပြန် လေ​၏။ နာ​ဗ​လ​ကား​မိ​မိ​၏​အိမ်​တွင် ဘု​ရင့် ပွဲ​တော်​တ​မျှ​ခမ်း​နား​သည့်​စား​ပွဲ​ကြီး​ကို ကျင်း​ပ​လျက်​နေ​၏။ သူ​သည်​သေ​ရည်​ယစ်​မူး ကာ​ပျော်​ရွှင်​လျက်​ရှိ​သ​ဖြင့် အ​ဘိ​ဂဲ​လ သည်​သူ့​အား​နောက်​တစ်​နေ့​နံ​နက်​တိုင်​အောင် အ​ဘယ်​အ​ရာ​ကို​မျှ​မ​ပြော​ဘဲ​နေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ