Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 37:34

Common Language Bible

ယာ​ကုပ်​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သ​ဖြင့် မိ​မိ​၏ အ​ဝတ်​အင်္ကျီ​ကို​ဆုတ်​ဖြဲ​၍​လျှော်တေ​အ​ဝတ်​ကို ဝတ်​လေ​၏။ သူ​သည်​သား​အ​တွက်​ကာ​လ​အ​တန် ကြာ​မျှ​ပူ​ဆွေး​တမ်း​တ​လျက်​နေ​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

32 ပူးပေါင်းရင်းမြစ်များ  

ရု​ဗင်​သည်​တွင်း​သို့​ပြန်​လာ​ပြီး​လျှင်​ယော​သပ် ကို​ရှာ​၍​မ​တွေ့​ရ​သော​အ​ခါ အ​လွန်​စိတ်​မ​ချမ်း မ​သာ​ဖြစ်​သ​ဖြင့်​မိ​မိ​အ​ဝတ်​များ​ကို​ဆုတ် ဖြဲ​လေ​၏။-

သို့​ရာ​တွင်​ယာ​ကုပ်​က``ငါ့​သား​ကို​သင်​တို့​နှင့် အ​တူ​မ​လွှတ်​နိုင်။ သူ​၏​အစ်ကို​သေ​ဆုံး​ပြီ​ဖြစ် ၍​သူ​တစ်​ယောက်​တည်း​ကျန်​ရစ်​သည်။ ငါ​သည် အ​သက်​အ​ရွယ်​အို​မင်း​ပါ​ပြီ။ အ​ကယ်​၍​ခ​ရီး လမ်း​တွင်​သူ​သည်​ဘေး​ဥ​ပဒ်​နှင့်​တွေ့​ကြုံ​ရ သော် ငါ​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​သေ ရ​ပါ​မည်'' ဟု​ဆို​လေ​၏။

ထို​အ​ခါ​သူ​တို့​သည်​စိတ်​ပျက်​ဝမ်း​နည်း​လျက် မိ​မိ​တို့​၏​အ​ဝတ်​ကို​ဆုတ်​ဖြဲ​ကြ​၏။ ထို​နောက် မြည်း​များ​ပေါ်​သို့​စပါး​အိတ်​များ​ကို​တင်​ပြီး လျှင်​မြို့​ထဲ​သို့​ပြန်​၍​လိုက်​လာ​ကြ​လေ​သည်။

ဒါ​ဝိဒ်​နှင့်​သူ​၏​လူ​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ သည့်​အ​နေ​ဖြင့် မိ​မိ​တို့​၏​အ​ဝတ်​များ​ကို ဆုတ်​ဖြဲ​ကြ​၏။-

ထို​နောက်​ဒါ​ဝိဒ်​သည်​ယွာ​ဘ​နှင့်​အ​ပေါင်း​ပါ တို့​အား အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​၍​လျှော်​တေ ကို​ဝတ်​ပြီး​လျှင် အာ​ဗ​နာ​အ​တွက်​ငို​ကြွေး မြည်​တမ်း​မှု​ပြု​ကြ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။ ထို​နောက်​အ​လောင်း​ကို​သင်္ချိုင်း​သို့​ပို့​ဆောင်​သွား သော​အ​ခါ​၌​လည်း မင်း​ကြီး​ကိုယ်​တိုင်​တ​လား ၏​နောက်​မှ​လမ်း​လျှောက်​၍​လိုက်​ပါ​ပို့​ဆောင် တော်​မူ​၏။-

သူ​၏​အ​မှု​ထမ်း​များ​သည်​သူ့​ထံ​သို့​လာ​၍``ဣသ ရေ​လ​ဘု​ရင်​များ​သည်​သ​နား​ညှာ​တာ​တတ် ကြောင်း အ​ကျွန်ုပ်​တို့​ကြား​သိ​ရ​ပါ​သည်။ သို့​ဖြစ် ၍​အ​ကျွန်ုပ်​တို့​အား​ဣ​သ​ရေ​လ​ဘု​ရင်​ထံ​သွား ခွင့်​ပြု​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​ခါး​တွင် လျှော်​တေ​စည်း​၍​လည်​တွင်​ကြိုး​များ​ပတ်​ပြီး လျှင်​သွား​ရောက်​ကြ​ပါ​မည်။ သူ​သည်​အ​ရှင် ၏​အ​သက်​ကို​ချမ်း​သာ​ပေး​ကောင်း​ပေး​ပါ လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။-

ဧ​လိ​ယ​ဆင့်​ဆို​ပြော​ကြား​သော​အ​ခါ အာ​ဟပ် သည်​မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​ပြီး​လျှင် လျှော်​တေ​ကို​ဝတ်​၏။ သူ​သည်​စား​တော်​မ​ခေါ် ဘဲ​လျှော်​တေ​ဝတ်​၍​အိပ်​၏။ သွား​လာ​ရာ​၌ လည်း​မှိုင်​တွေ​လျက်​နေ​၏။

ထို​သူ​တို့​၏​အ​စီ​ရင်​ခံ​ချက်​ကို​ကြား​လျှင် ကြား​ချင်း​ဟေ​ဇ​ကိ​မင်း​သည် မိ​မိ​၏​အ​ဝတ် တော်​ကို​ဆုတ်​ပြီး​လျှင်​လျှော်​တေ​ကို​ဝတ်​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​သို့​ကြွ​တော် မူ​၏။-

ဧ​လိ​ရှဲ​သည်​ထို​အ​ခြင်း​အ​ရာ​ကို​မြင်​သ​ဖြင့် ဧ​လိ​ယ​အား``အို အ​ကျွန်ုပ်​၏​အ​ဖ၊ အို အ​ကျွန်ုပ် ၏​အ​ဖ၊ တန်​ခိုး​ကြီး​မား​၍​ဣသ​ရေ​လ​အ​မျိုး သား​တို့​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​သော​အ​ရှင်၊ ကိုယ် တော်​သည်​ထွက်​ခွာ​သွား​တော်​မူ​ပါ​ပြီ​တ​ကား'' ဟု​ဟစ်​အော်​၍​ပြော​၏။ ထို​နောက်​သူ​သည်​ဧ​လိ​ယ ကို​တစ်​ဖန်​ပြန်​၍​မ​တွေ့​မ​မြင်​ရ​တော့​ချေ။ ဧ​လိ​ရှဲ​သည်​ကြေ​ကွဲ​ဝမ်း​နည်း​သ​ဖြင့် မိ​မိ​၏ ဝတ်​လုံ​ကို​နှစ်​ခြမ်း​ဆုတ်​ဖြဲ​လိုက်​၏။-

မင်း​ကြီး​သည်​ပ​ညတ်​တ​ရား​ကျမ်း​စ​ကား ကို​ကြား​သော​အ​ခါ ဝမ်း​နည်း​လျက်​အ​ဝတ် တော်​ကို​ဆုတ်​လေ​သည်။-

ကောင်း​ကင်​တ​မန်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ဖျက်​ဆီး​ပစ်​ရန် ဋ္ဌား​ကို​ကိုင်​ကာ​လေ​ထဲ​တွင် ရပ်​နေ​သည်​ကို​ဒါ​ဝိဒ်​မြင်​လေ​၏။ ထို​အ​ခါ သူ​သည်​ဣ​သ​ရေ​လ​ပြည်​သား​ခေါင်း​ဆောင် များ​နှင့်​အ​တူ မြေ​သို့​တိုင်​အောင်​ဦး​ညွှတ် ပျပ်​ဝပ်​လိုက်​၏။ သူ​တို့​အား​လုံး​ပင်​လျှင် လျှော်​တေ​အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သ​တည်း။-

ဖ​ခင်​ဖြစ်​သူ​ဧဖရိမ်​သည်​သား​နှစ်​ယောက် အ​တွက် ရက်​ပေါင်း​များ​စွာ​ငို​ကြွေး​မြည် တမ်း​လျက်​နေ​သ​ဖြင့် သူ​၏​ညီ​အစ်​ကို များ​လာ​ရောက်​၍​သူ့​အား​နှစ်​သိမ့်​ကြ​၏။-

ထို​လ​နှစ်​ဆယ့်​လေး​ရက်​နေ့​၌​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် မိ​မိ​တို့​အ​ပြစ်​များ အ​တွက်​ဝမ်း​နည်း​သည့်​အ​ထိမ်း​အ​မှတ်​ဖြင့် အ​စာ​ရှောင်​ရန်​စု​ရုံး​ကြ​၏။ ထို​သူ​တို့​သည် လူ​မျိုး​ခြား​များ​နှင့်​ကွာ​ပြီး​ဖြစ်​သည်။ သူ တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​မှတ်​လက္ခ ဏာ​ဖြင့် လျှော်​တေ​ကို​ဝတ်​၍​ဦး​ခေါင်း​ကို​မြေ မှုန့်​ဖြင့်​ဖြူး​ကြ​၏။ ထို​နောက်​သူ​တို့​သည်​မိ​မိ တို့​အ​ပြစ်​များ​နှင့်​ဘိုး​ဘေး​တို့​၏​အ​ပြစ်​များ ကို​ဖော်​ပြ​ဝန်​ခံ​ကြ​လေ​သည်။-

ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။

ငါသည်ကိုယ်အရေပေါ်မှာ လျှော်တေအဝတ်ကို ချုပ်၍ ကိုယ်ဦးချိုကို ရွှံ့နှင့်လူးပြီ။

ထိုသူတို့သည် အဝေးကမျှော်ကြည့်၍ ယောဘကို မသိလျှင်၊ အသံကိုလွှင့်၍ ငိုကြွေးကြ၏။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကို ယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ကျရောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်သို့ ပစ်တင်ကြ၏။

ကျွန်​တော်​မျိုး​သည်​လျှော်​တေ​ကို​ဝတ်​သော အ​ခါ သူ​တို့​သည်​ပြောင်​လှောင်​ကြ​ပါ​၏။

သင်​တို့​သည်​ပူ​ပင်​သော​က​မ​ရှိ​ဘဲ​အေး​ဆေး စွာ​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​ယ​ခု အ​ခါ​ထိတ်​လန့်​တုန်​လှုပ်​၍​နေ​ကြ​ကုန်​လော့။ သင်​တို့​၏​အ​ဝတ်​များ​ကို​ချွတ်​၍​ခါး​တွင် စောင်​စုတ်​များ​ပတ်​ထား​ကြ​လော့။-

ထို​နောက်​ဧ​လျာ​ကိမ်၊ ရှေ​ဗ​န​နှင့်​ယော​အာ တို့​သည် ဝမ်း​နည်း​ပူ​ဆွေး​လျက်​မိ​မိ​တို့​အ​ဝတ် များ​ကို​ဆုတ်​ဖြဲ​ကာ အာ​ရှု​ရိ​အ​ရာ​ရှိ​၏ စ​ကား​များ​ကို​မင်း​ကြီး​ထံ​သွား​ရောက် လျှောက်​ထား​ကြ​၏။

သို့​ရာ​တွင်​စာ​လိပ်​ပါ​စ​ကား​အ​လုံး​စုံ​ကို ကြား​ရ​သူ​မင်း​ကြီး​နှင့်​တ​ကွ အ​ဘယ်​မှူး မတ်​မျှ​ကြောက်​လန့်​မှု​မ​ဖြစ်​ကြ။ နောင်​တ ရ​သည့်​လက္ခ​ဏာ​ကို​လည်း​မ​ပြ​ကြ။-

လူ​တိုင်း​ပင်​ဆံမုတ်​ဆိတ်​ပယ်​ကြ​လေ​ပြီ။ သူ တို့​သည်​မိ​မိ​တို့​၏​လက်​များ​ကို​ထိ​ရှ​၍ လျှော်​တေ​ကို​ဝတ်​ဆင်​ထား​ကြ​၏။-

သင်​တို့​သည်​မိ​မိ​တို့​အ​ဝတ်​များ​ကို ဆုတ်​ဖြဲ​ခြင်း​အား​ဖြင့်​သာ​မ​ဟုတ်​ဘဲ၊ ကျိုး​ပဲ့​သော​စိတ်​နှ​လုံး​အား​ဖြင့်​သင်​တို့ ဝမ်း​နည်း​မှု​ကို​ဖော်​ပြ​ရာ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြန်​လာ​ကြ​လော့။ ကိုယ်​တော်​သည်​သ​နား​ခြင်း​မေတ္တာ​က​ရု​ဏာ တော်​နှင့် ပြည့်​စုံ​တော်​မူ​၏။ စိတ်​ရှည်​၍​မိ​မိ​က​တိ​တော်​အ​တိုင်း ပြု​တော်​မူ​တတ်​၏။ ကိုယ်​တော်​သည်​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​ရန် အ​စဉ်​ပင်​အ​သင့်​ရှိ​တော်​မူ​သ​ဖြင့်​အ​ပြစ် ဒဏ် ခတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။

``အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည်​အ​မင်္ဂ​လာ​ရှိ​၏။ အို ဗက်​ဇဲ ဒ​မြို့၊ သင်​သည်​အ​မင်္ဂ​လာ​ရှိ​၏။ သင်​တို့​တွင်​ငါ​ပြု​ခဲ့ သည့်​အံ့​ဖွယ်​အ​မှု​အ​ရာ​များ​ကို​တု​ရု​နှင့်​ဇိ​ဒုံ​မြို့ တို့​တွင်​သာ​ပြု​ခဲ့​ပါ​မူ ထို​မြို့​တို့​သည်​ရှေး​မ​ဆွ​က​ပင် လျှင်​လျှော်​တေ​ကို​ဝတ်​၍​ပြာ​နှင့်​လူး​လျက်​နောင်​တ ရ​ကြ​လိမ့်​မည်။-

ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​မိ​မိ​၏​အ​ဝတ် ကို​ဆွဲ​ဆုတ်​ပြီး​လျှင် ``ထို​သူ​သည်​ဘု​ရား​သ​ခင်​ကို ပြစ်​မှား​ပြော​ဆို​ချေ​ပြီ။ ငါ​တို့​သက်​သေ​များ​ထပ်​၍ မ​လို​တော့​ပြီ။ ဘု​ရား​သ​ခင်​အား​သူ​ပြစ်​မှား​ပြော ဆို​သည်​ကို​သင်​တို့​ယ​ခု​ကြား​ရ​ကြ​ပြီ။-

ထို​သို့​ပူ​ဇော်​ပ​သ​မည့်​အ​ကြောင်း​ကို​ဗာ​န​ဗ နှင့်​ပေါ​လု​တို့​ကြား​ကြ​သော​အ​ခါ မိ​မိ​တို့​၏ အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​၍​လူ​တို့​ထံ​သို့​ပြေး သွား​ပြီး​လျှင်၊-

ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​တို့​သည်​ဝမ်း​နည်း​စိတ်​ပျက်​လျက် မိ​မိ တို့​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​၍ ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​ဝမ်း နည်း​သည့်​အ​နေ​ဖြင့် မိ​မိ​တို့​၏​ဦး​ခေါင်း ပေါ်​မှာ​မြေ​မှုန့်​တင်​လျက်​ညဦး​တိုင်​အောင် ပျပ်​ဝပ်​လျက်​နေ​ကြ​၏။-

ငါ​၏​သက်​သေ​ခံ​နှစ်​ပါး​အား​ငါ​စေ​လွှတ် မည်။ သူ​တို့​သည်​လျှော်​တေ​အ​ဝတ်​ကို​ဝတ်​၍ ရက်​ပေါင်း​တစ်​ထောင်​နှစ်​ရာ​ခြောက်​ဆယ်​တိုင် တိုင် ဗျာ​ဒိတ်​တော်​ကို​ဟော​ကြား​ကြ​လိမ့် မည်'' ဟု​ဆို​၏။

ယေ​ဖ​သ​သည်​သူ့​ကို​မြင်​သော​အ​ခါ​စိတ် မ​ချမ်း​မ​သာ​ဖြစ်​လျက် မိ​မိ​အ​ဝတ်​ကို​ဆွဲ ဆုတ်​ကာ``အို ငါ့​သမီး၊ သင်​သည်​ငါ​၏​စိတ်​နှ​လုံး ကို​ကြေ​ကွဲ​စေ​လေ​ပြီ။ ငါ့​အား​စိတ်​ဝေ​ဒ​နာ ခံ​စား​စေ​သူ​မှာ​အ​ဘယ်​ကြောင့်​သင်​ဖြစ်​ရ ပါ​သ​နည်း။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား ကြီး​လေး​သည့်​သစ္စာ​က​တိ​ကို​ပြန်​လည်​ရုတ် သိမ်း​၍​မ​ရ​တော့​ပါ'' ဟု​ပြော​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ