သူတို့သည်ဆိတ်တစ်ကောင်ကိုသတ်၍ယောသပ် ၏ဝတ်ရုံကိုဆိတ်သွေးထဲ၌နှစ်လေ၏။-
အစ်ကိုများထံသို့ယောသပ်ရောက်လာသော အခါ သူတို့ကသူ၏လက်ရှည်ဝတ်ရုံကို ချွတ်ပစ်ကြ၏။-
ယာကုပ်သည်အသက်အရွယ်ကြီးမှယောသပ် ကိုရခြင်းကြောင့်အခြားသားများထက်သူ့ အားပို၍ချစ်၏။ သူသည်ယောသပ်အတွက် ထူးခြားစွာတန်ဆာဆင်ထားသောဝတ်ရုံ ကိုချုပ်ပေး၏။-
ထိုနောက်ထူးဆန်းစွာတန်ဆာဆင်ထားသော ဝတ်ရုံကိုဖခင်ထံသို့ယူခဲ့ပြီးလျှင်``ကျွန်တော် တို့ဤအင်္ကျီကိုတွေ့ရပါသည်။ ဖခင်သား၏ အင်္ကျီဖြစ်ပါသလော'' ဟုမေးကြ၏။
သားတစ်ယောက်မှာမရှိတော့ပြီ။ သူသည်သားရဲ တိရစ္ဆာန်တို့၏ကိုက်ဖြတ်ခြင်းကိုခံခဲ့ရလေပြီ။ ထို့ကြောင့်ငါသည်ယနေ့ထက်တိုင်သူ့ကိုမမြင်ရ။-
သူတို့က``ယောသပ်သည်အသက်ရှင်လျက်ရှိပါ သေး၏။ သူသည်အီဂျစ်ပြည်တစ်ပြည်လုံးကို အုပ်စိုးသောမင်းဖြစ်နေပါ၏'' ဟုဆိုကြသော် ယာကုပ်သည်လွန်စွာအံ့အားသင့်လျက်မယုံ နိုင်ဖြစ်လေ၏။
မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။