ကမ္ဘာဦး 37:27Common Language Bibleငါတို့သည်သူ့အားအနာတရဖြစ်စေမည့် အစားဣရှမေလအမျိုးသားတို့ထံ၌သူ့ ကိုရောင်းလိုက်ကြပါစို့။ သူသည်ငါတို့၏ညီ၊ ငါတို့၏သွေးသားပင်ဖြစ်သည်မဟုတ်လော'' ဟုဆိုလေ၏။ သူ၏ညီအစ်ကိုတို့ကလည်း သဘောတူကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုနောက်သူတို့အချင်းချင်းက``အကယ်စင်စစ် ငါတို့ညီအားပြုခဲ့သမျှအတွက် ယခုငါတို့ ခံရကြလေပြီ။ သနားညှာတာရန်ငါတို့၏ညီ ကတောင်းပန်သောအခါ ငါတို့သည်သူ၏စိတ် ဆင်းရဲခြင်းကိုမြင်လျက်နှင့်သူ့အားမသနား မညှာတာခဲ့ချေ။ ထို့ကြောင့်ငါတို့သည်ယခု ဝဋ်လည်နေရကြ၏'' ဟုပြောဆိုကြ၏။
ငါတို့သည်လည်းယုဒအမျိုးသားများ ပင်မဟုတ်ပါလော။ ငါတို့သားသမီးများ သည်လည်းသူတို့သားသမီးများထက်မညံ့ ပါ။ သို့ရာတွင်ငါတို့သည်ငါတို့သားသမီး များကိုကျွန်ခံစေကြရပါ၏။ သမီးအချို့ ကိုလည်းကျွန်အဖြစ်ရောင်းချလိုက်ရလေ ပြီ။ ငါတို့အဘယ်သို့မျှမတတ်နိုင်။ ငါ တို့လယ်များနှင့်စပျစ်ဥယျာဉ်များသည် သူတစ်ပါးလက်သို့ရောက်လေပြီတကား'' ဟုဆိုကြ၏။
``မိမိတို့ကိုယ်ကိုလူမျိုးခြားများလက် သို့ရောင်းချရကြသူ ယုဒအမျိုးသားညီ အစ်ကိုတို့အားတတ်နိုင်သမျှငါတို့ပြန် လည်ဝယ်ယူပြီးမှ ယခုသင်တို့က မိမိတို့ အမျိုးသားအချင်းချင်းပြန်လည်ရောင်း စားလျက်နေကြပါတကား'' ဟုဆိုသော အခါခေါင်းဆောင်များသည်ဆိတ်ဆိတ် နေကြ၏။ စကားတစ်ခွန်းကိုမျှပြန်၍ မပြောနိုင်ကြ။
အကျင့်စာရိတ္တပျက်ပြားသူများ၊ လိင်တူ ချင်းကာမဆက်ဆံတတ်သူများ၊ ပြန်ပေး ဆွဲသူများ၊ လိမ်လည်ပြောဆိုတတ်သူများ၊ မမှန်သောသက်သေကိုခံတတ်သူများနှင့် မှန်ကန်သောအယူဝါဒနှင့် ဆန့်ကျင်၍ပြု လုပ်တတ်သူများအတွက်သာလျှင် ပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်းငါတို့သိမှတ်ရကြ ပေမည်။-
ထိုနောက်ရှောလုသည်ဒါဝိဒ်ကိုခေါ်ပြီးလျှင်``ငါ့ မှာငါ့သမီးကြီးမေရပ်ရှိ၏။ သင်သည်ထာဝရ ဘုရား၏စစ်ပွဲများတွင်ရဲရင့်စွာပါဝင်ဆင်နွှဲ လျက် ငါ၏အမှုတော်ကိုထမ်းဆောင်မည်ဆို ပါက ငါသည်သင့်အားဤသမီးတော်နှင့်ထိမ်း မြားပေးစားမည်'' ဟုဆို၏။ (ဤနည်းအားဖြင့် ဒါဝိဒ်အားမိမိကိုယ်တိုင်သတ်ရန်မလိုတော့ ဘဲ ဖိလိတ္တိအမျိုးသားတို့၏လက်ချက်ဖြင့် ကျဆုံးစေရန်ရှောလုအကောက်ကြံသတည်း။)