Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 36:6

Common Language Bible

ဧ​သော​သည်​သူ​၏​မ​ယား​များ၊ သား​သ​မီး များ၊ အိမ်​သူ​အိမ်​သား​များ​နှင့်​တ​ကွ​သိုး၊ ဆိတ်​စ​သော​တိ​ရစ္ဆာန်​များ၊ ခါ​နာန်​ပြည်​တွင် စု​ဆောင်း​မိ​သ​မျှ​သော​ပစ္စည်း​ဥစ္စာ​များ​ကို ယူ​ဆောင်​လျက်​ညီ​ယာ​ကုပ်​ထံ​မှ​အ​ခြား ပြည်​သို့​ထွက်​ခွာ​သွား​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​သည်​မ​ယား​စာ​ရဲ၊ တူ​လောတ၊ ရှိ​သ​မျှ သော​ဥစ္စာ​ပစ္စည်း​နှင့်​တ​ကွ ခါ​ရန်​မြို့​၌​ရ​ရှိ​သော ကျေး​ကျွန်​အား​လုံး​တို့​ကို​ခေါ်​ဆောင်​၍ ခါ​နာန် ပြည်​သို့​ခ​ရီး​ထွက်​ခဲ့​လေ​သည်။ ခါ​နာန်​ပြည်​သို့​ရောက်​ကြ​သော​အ​ခါ၊-

ထို့​ကြောင့်​လော​တ​သည်​ယော်​ဒန်​မြစ်​ဝှမ်း​တစ်​လျှောက်​လုံး​ကို​ရွေး​ယူ​၍ အ​ရှေ့​ဘက်​သို့​ပြောင်း​ရွှေ့​ခဲ့​လေ​သည်။ ဤ​သို့​အား​ဖြင့်​သူ​တို့​နှစ်​ဦး​ခွဲ​ခွာ​ခဲ့​ကြ​သည်။-

သူ​တို့​နှစ်​ဦး​တွင်​တိ​ရစ္ဆာန်​များ​၍​စား​ကျက်​မ​လုံ​လောက်​သည့်​အ​တွက်​ကြောင့် အ​တူ​တူ​နေ​ထိုင်​ရန်​မ​ဖြစ်​နိုင်​တော့​ချေ။-

ယ​ခု​သင်​သူ​စိမ်း​တစ်​ရံ​ဆံ​အ​ဖြစ်​နှင့်​နေ​ထိုင် ရ​သော ဤ​ပြည်​ကို​သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ် တို့​အား​ငါ​ပေး​မည်။ ခါ​နာန်​ပြည်​တစ်​ပြည်​လုံး ကို သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ထာ​ဝ​စဉ် အ​ပိုင်​ပေး​မည်။ ငါ​သည်​လည်း​သူ​တို့​၏​ဘု​ရား ဖြစ်​မည်'' ဟု​မိန့်​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​က​ရေ​ဗက္က​အား ``သင်​၏​ဝမ်း​ထဲ​၌​လူ​နှစ်​မျိုး​ရှိ​၏။ သင်​သည်​အ​ချင်း​ချင်း​ပြိုင်​ဆိုင်​မည့် လူ​မျိုး​နှစ်​မျိုး​ကို​ဖွား​မြင်​မည်။ လူ​မျိုး​တစ်​မျိုး​သည်​အ​ခြား​တစ်​မျိုး​ထက် ခွန်​အား​ကြီး​မည်။ အ​ကြီး​ဖြစ်​သူ​က​အ​ငယ်​၏​အ​စေ​ကို​ခံ ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

ဘု​ရား​သ​ခင်​သည်​အာ​ဗြ​ဟံ​အား​ကောင်း ချီး​ပေး​သည့်​နည်း​တူ သင်​နှင့်​သင်​၏​အ​ဆက် အ​နွယ်​တို့​အား​ကောင်း​ချီး​ပေး​ပါ​စေ​သော။ အာ​ဗြ​ဟံ​အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ သော သင်​ယ​ခု​နေ​ထိုင်​သော​ပြည်​ကို​အ​ပိုင် ရ​ပါ​စေ​သော'' ဟု​ကောင်းချီး​ပေး​၍​မှာ​ကြား လေ​၏။-

ယာ​ကုပ်​သည်​ဧ​ဒုံ​ပြည်​တွင်​ရှိ​သော​သူ​၏​အစ် ကို​ဧ​သော​ထံ​သို့ စေ​တ​မန်​များ​ကို​ရှေ့​ပြေး အ​ဖြစ်​စေ​လွှတ်​လေ​၏။-

အ​ဟော​လိ​ဗာ​မ​သည်​သား​ယု​ရှ၊ ယာ​လံ​နှင့် ကော​ရ​တို့​ကို​လည်း​ကောင်း​ဖွား​မြင်​လေ​သည်။ ဤ​သား​တို့​သည်​ခါ​နာန်​ပြည်​တွင်​ဖွား​မြင် သော​ဧ​သော​၏​သား​များ​ဖြစ်​ကြ​သည်။

ယာ​ဝန်​မြို့၊ တု​ဗ​လ​မြို့​နှင့်​မေ​ရှက်​မြို့​တို့ တွင်​သင်​၏​ကုန်​စည်​များ​ကို​ကျွန်​များ၊ ကြေး နီ​အိုး​များ​နှင့်​လဲ​လှယ်​၏။-

သစ်​ကြံ​ပိုး၊ ဟင်း​ခပ်​အ​မွှေး​အ​ကြိုင်၊ နံ့​သာ​ပေါင်း၊ မု​ရန်၊ ဆီ​မွှေး။ လော်​ဗန်၊ စ​ပျစ်​ရည်၊ ဆီ၊ ဂျုံ​မှုန့်၊ ဂျုံ​ဆန်၊ ကျွဲ၊ နွား၊ သိုး၊ မြင်း၊ ရ​ထား၊ ကျွန်၊ လူ့​အ​သက်​များ ပင်​ဖြစ်​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ