ကမ္ဘာဦး 36:27Common Language Bibleဧဇာသည်ဗိလဟန်၊ ဇာဝန်နှင့်အာကန်မိသား စုတို့၏ဘိုးဘေးဖြစ်သည်။ အခန်းကိုကြည့်ပါ။ |
ဧဒုံပြည်တွင်မူလနေထိုင်ကြသူများသည် အောက်ဖော်ပြပါစိရ၏သားများဖြစ်ကြ သောလောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာနှင့်ဒိရှန်တို့မှဆင်းသက်လာသူများ ဖြစ်ပေသည်။ လောတန်သည်ဟောရိနှင့်ဟေမံသားချင်းတို့၏ ဘိုးဘေးဖြစ်၏။ (လောတန်တွင်တိမနနာမည် တွင်သောနှမတစ်ယောက်ရှိ၏။) ရှောဗလသည် အာလာဝန်၊ မနာဟတ်၊ ဧဗာလ၊ ရှေဖောနှင့်သြနံသားချင်းစုတို့၏ဘိုးဘေး ဖြစ်၏။ ဇိဘောင်မှာအာယနှင့်အာနနာမည်တွင်သော သားနှစ်ယောက်ရှိ၏။ အာန၏သားသည်ဒိရှုန်ဖြစ်၏။ ဒိရှုန်သည် ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်နှင့်ခေရန် သားချင်းစုတို့၏ဘိုးဘေးဖြစ်၏။ ဧဇာသည်ဗိလဟန်၊ ဇာဝန်နှင့်အာကန်သား ချင်းစုတို့၏ဘိုးဘေးဖြစ်၏။ ဒိရှန်သည်ဥဇနှင့်အာရန်သားချင်းစုတို့၏ ဘိုးဘေးဖြစ်၏။